ဟယ်ရီမက်ဂွိုင်းယားအတွက် စုံစမ်းမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူဟယ်ရီမက်ဂွိုင်းယားအတွက် စုံစမ်းမှုတွေပြုလုပ်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ လက်စတာကနေ ယူနိုက်တက်ကို နောက်ခံလူတဦးအတွက်ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ ဒီကစားသမားကို ချယ်လ်ဆီးက စိတ်ဝင်စားလာခဲ့တာက အံ့အားသင့်စရာပဲဖြစ်ပါတယ်။ 

ယူနိုက်တက်ကစားသမားဘ၀မှာ အသင်းခေါင်းဆောင်အဖြစ်နဲ့ အသင်းကို ဦးဆောင်နိုင်မှုအားနည်းတာ၊ ကစားသမားတဦးအနေနဲ့လည်း ခြေစွမ်းမပြနိုင်ဘဲ အမှားအယွင်းတွေရှိနေခဲ့လို့ မက်ဂွိုင်းယားက အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို မကြာခဏရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ သူ့ရဲ့ ညံ့ဖျင်းမှုတွေအပေါ်မှာ အသင်းပရိသတ်တွေ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ရတာက တော်တော်လေးကြာနေခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် နောက်ခံလူအတွက် ချယ်လ်ဆီးက ဒီတပတ်တည်းမှာ စုံစမ်းခဲ့တာလို့သိရပြီး အခုအခါ ပူလီဆစ်ရဲ့အပြောင်းအရွှေ့မှာ မက်ဂွိုင်းယားက တစိတ်တပိုင်းအနေနဲ့ ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ယူနိုက်တက်က ပူလီဆစ်ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပြီးနောက်မှာ အခုသတင်းကထပ်မံထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် ချယ်လ်ဆီးရဲ့ အဓိကပစ်မှတ်ကတော့ လက်စတာနောက်ခံလူ ဖိုဖန်နာဖြစ်နေဆဲလို့ ဆိုပါတယ်။ ဒီကစားသမားအတွက် ချယ်လ်ဆီးက ပေါင်သန်း ၆၀နဲ့ ကမ်းလှမ်းမှုနှစ်ကြိမ်တိုင်တိုင်လုပ်ခဲ့ပေမယ့် လက်စတာကတော့ ငြင်းဆန်ခဲ့ပါတယ်။ သူ့အသင်းခံစစ်ကို ပိုမိုတောင့်တင်းအောင် တည်ဆောက်ချင်တဲ့ တူချယ်လ်က ဗဟိုခံစစ်မှူးတဦးထပ်မံအလိုရှိနေရာမှာ မက်ဂွိုင်းယားကိုပါ ပစ်မှတ်ထားလာခဲ့တယ်လို့ ယူဆရပါတယ်။ 



Share

က္က