ဂျာစီဒီဇိုင်းနဲ့ပတ်သက်ပြီး အတည်ပြုခြင်းတော့မရှိသေးပါဘူး။

၂၀၂၀-၂၁ ဘောလုံးရာသီအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့အိမ်ကွင်းဂျာစီသစ်ဒီဇိုင်းနဲ့ပတ်သက်ပြီး သတင်းပေါက်ကြားခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂျာစီဒီဇိုင်းအသစ်ပုံစံနဲ့ပတ်သက်ပြီး သတင်းပေါက် ကြားခဲ့တဲ့အပြင် ရုပ်ပုံတွေပါ ထွက်ပေါ်လာခဲ့တဲ့အတွက် ပရိသတ်တွေအကြား ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီးဝေဖန်မှု တွေရှိနေခဲ့တယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ထွက်ပေါ်လာတဲ့ ယူနိုက်တက်ရဲ့အိမ်ကွင်းဂျာစီအသစ်ဒီဇိုင်းဟာ ပန်းချီဆွဲဆေးစုတ်တံနဲ့ရေးခြစ်ထားတဲ့ ပုံစံဖြစ် ပြီး အနီရောင်အောက်ခံအပေါ် အနက်နဲ့အဝါအစင်းကြောင်းပါဝင်သလို အရင်ဂျာစီဒီဇိုင်းတွေနဲ့သိသိသာသာကွဲ ပြားနေခဲ့တာလည်းဖြစ်ပါတယ်။



၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ အိမ်ကွင်းဂျာစီဒီဇိုင်းအရောင်မှာ အနီ၊ အဖြူဖြစ်ပြီး လိုတာထက်ပိုပြီး ဒီဇိုင်းပိုင်းအ ပေါ်အသားပေးထားခဲ့မှုက ယူနိုက်တက်အသင်းရဲ့အစဉ်အလာပုံရိပ်ပိုင်းကျဆင်းစေတယ်လို့ သုံးသပ်မှုများရှိနေ ခဲ့တာလည်းဖြစ်ပါတယ်။

Footyheadline ရဲ့ဖော်ပြချက်မှာတော့ Adidas ရဲ့ဒီဇိုင်းပိုင်းသတင်းပေါက်ကြားမှုကို ယူနိုက်တက်အသင်းပရိ သတ်တွေအကြား ဂယက်ရိုက်မှုပိုပြီးကြီးမားလာစေသလို ထွက်ပေါ်နေတဲ့ ဒီဇိုင်းပိုင်းအပေါ်လည်း သက်ဆိုင်သူ များက တစ်စုံတစ်ရာအတည်ပြုခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။

ယူနိုက်တက်ပရိသတ်အများစုအနေနဲ့ AIG လိုဂိုအမှတ်တံဆိပ်ပါ လည်ပင်းအစင်းပါရှိတဲ့၂၀၀၉-၁၀ ဘောလုံးရာ သီမှာဝတ်ဆင်ခဲ့တဲ့ ဂျာစီဒီဇိုင်းကိုဝေဖန်ခဲ့ပြီးတဲ့နောက်ပိုင်း လက်ရှိထွက်ပေါ်လာတဲ့ ဒီဇိုင်းကပိုပြီးအဆိုးရွားဆုံးဖြ စ်စေတယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြမှုတွေရှိနေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က