ခေးဆက်သွင်ဟာ အနုပညာအလုပ်တွေ ဆက်တိုက် ဆောင်ရွက်လာရတာနဲ့အမျှ သူ့ရဲ့ အနောက်ကနေ လိုက်ပြီး အစစအရာရာ ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးခဲ့တဲ့ တပည့်ကျော်မလေးကို ရွှေလက်စွပ်တစ်ကွင်း ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီ တပည့်ကျော်လေးကတော့ သူ့အနားမှာ နေတာ ၁ နှစ်ကျော်ပြီလို့ ဆိုပါတယ်။
Photo: Khay Sett Thwin Facebook
သရုပ်ဆောင်ခေးဆက်သွင်ကိုတော့ သူ့ရဲ့ ပရိသတ်တွေက ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် စတင်သိရှိလာတာဖြစ်ပါတယ်။ အနုပညာ အလုပ် တွေ ဆက်တိုက်လုပ်လာရတဲ့အချိန်မှာ သူ့အနောက်ကလိုက် ပြီး အစစအရာရာ ဝိုင်းဝန်းကူညီပေးခဲ့တဲ့ တပည့်ကျော်မလေးကို အခုလို ဂုဏ်ပြုဆုအဖြစ် ရွှေလက်စွပ်လေး ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
'' ကိုယ် အောင်မြင်လာတာနဲ့အမျှ ကိုယ့်လက်အောက်ငယ်သား ကိုယ့်ပတ်ဝန်းကျင်ပါ ကောင်းစားကြပါစေ။ အဆင်ပြေကြပါစေလို့ အမြဲတမ်း တောင်းတဲ့ဆုလေးပါ။ သစ္စာရှိတဲ့ တပည့်ကျော်အတွက် supriseပါ'' ဆိုပြီးတော့ သြဂုတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီက သူ့ရဲ့ဖေ့စ် ဘွတ်ပေါ် ကနေ Live လွှင့်ရင်း ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Khay Sett Thwin Facebook
ခေးဆက်သွင်ရဲ့ တပည့်မလေးကတော့ သူ့ကို အစစအရာရာ စောင့်ရှောက်ပေးခဲ့တာ တစ်နှစ်ကျော်ပြီလို့ ဆိုပါတယ်။ အရာရာ စိတ်ချ ယုံကြည် ရတဲ့သူမို့လည်း အခုလို ဆုချီးမြှင့်ခဲ့တာဖြစ်မှာပါ။ ခေးဆက်သွင်ရဲ့ စိတ်ဓာတ်လေးကတော့ တကယ်ကို ချီးကျူးစရာကောင်းပါတယ်။
'' ပိုက်ဆံတွေကို တစ်ပြားမှ မပျောက်အောင် ထိန်းသိမ်းပေးတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ ချစ်ပြီးတော့ အစစအရာရာ ဂရုစိုက်တဲ့ အတွက်လည်း ကျေးဇူးတင်တယ်။ တစ်နှစ်ကျော်ပြီ ဘာမှပြန်မပြောဘူး ပြောစကားလည်း နားထောင်တဲ့ အတွက် ကျေးဇူးတင်တယ်နော်'' လို့ Live ကနေ ပြောရင်း တပည့်မလေးကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
Photo: Khay Sett Thwin Facebook
သူ့ကိုတော့ ဇာတ်လမ်းတွဲ မင်းသမီးတစ်ယောက်လို့တောင် ပရိသတ်တွေက တင်စားခေါ်ဝေါ်ထားကြပါတယ်။ တက်သစ်စအနုပညာရှင်တစ် ယောက်ဖြစ်ပေမယ့် ပေးလာတဲ့ ကာရိုက်တာတိုင်းအပေါ် ကြိုးကြိုးစားစား သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်ချစ် အနုပညာရှင် တစ်ယောက် ဖြစ်လို့လာပါပြီ။
မင်းသမီးတစ်ယောက်ရဲ့ နောက်ကွယ်ကအကြောင်းပြောပြလာတဲ့ ခေးဆက်သွင်
Photo: Khay Sett Thwin Facebook
ခေးဆက်သွင်ကိုတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေအားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ဝါရင့်စီနီယာကြီးတွေနဲ့အတူ တွဲဖက်သရုပ်ဆောင်လာရတဲ့ တစ်လျှောက် အနုပညာအရည်အသွေးတွေလည်း ပိုတိုးတက်လာလို့ အခုဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အရင်ကထက် ပိုင်ဆိုင်နေရပါပြီ။