ပြီးခဲ့တဲ့နွေရာသီက ရီးရဲနဲ့ သတင်းတွေထွက်ပေါ်ခဲ့သူပါ။

လီဗာပူးနည်းပြယာဂင်ကလော့ပ်ဟာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီကို လီဗာပူးအသင်းအနေနဲ့ ခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဘတ်ပီဟာ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းကို ၂၀၁၇ ခုနှစ် နွေရာသီမှာ ယူရိုသန်း ၁၈၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးအဖြစ် သက်သေပြသထားသူဖြစ်ပါတယ်။

ဘတ်ပီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး နည်းပြ ဇီဒန်းကလည်း ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ကို ခေါ်ယူလိုခဲ့တယ်လို့ သိရပါတယ်။

ယခုအပတ်အစောပိုင်းမှာ ဘတ်ပီဟာ လီဗာပူးအသင်းကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဘတ်ပီအတွက် ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှုရရှိနိုင်မယ့်အခွင့်အရေး နည်းနည်းလေးသာရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီ ကစားသမားရဲ့အရည်အသွေးက ဝယ်ယူဖို့ ခက်ခဲပါတယ်”

“အခုအချိန်မှာ ပီအက်စ်ဂျီအသင်းကနေ ဘတ်ပီကို ဝယ်ယူနိုုင်တဲ့ အသင်း တစ်သင်းမှ ကျွန်တော် မမြင်သေးပါဘူး”

“ကျွန်တော် တစ်သင်းမှကို မမြင်ပါဘူး။ ကျွန်တော်တို့လည်း မခေါ်ယူနိုင်တဲ့အသင်းတွေထဲမှာ ပါဝင်နေပါတယ်။ အဲဒီလောက် မလွယ်ကူပါဘူး”

“ဟုတ်ပြီ။ အားကစားရှုထောင့်ကနေ ကြည့်မယ်ဆိုရင် သူ့ကို မခေါ်ယူဖို့ အကြောင်းအရင်းအများကြီးမရှိပါဘူး။ သူက အရမ်းကောင်းတဲ့ကစားသမားပါ”

“ဒါပေမယ့် အဲဒါက ငွေကြေးကြောင့်ပါ။ ဟုတ်တာပေါ့”

“အခွင့်အရေးကို မရှိပါဘူး။ လုံးဝကို အခွင့်အရေးမရှိတာပါ။ ဒီဇာတ်လမ်းကို သတ်ပစ်လိုက်မိတဲ့အတွက် စိတ်မကောင်းပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က