လက်ရှိအချိန်မှာတော့ First-person Shooter ဂိမ်းတွေရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ Counter-Strike: Global Offensive (CS:GO) ဟာ တပြိုင်တည်းကစားသူအများဆုံးဦးရေ ၁,၂၅၁,၆၆၅ ယောက်နဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

      လက်ရှိအချိန်မှာတော့ First-person Shooter ဂိမ်းတွေရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ Counter-Strike: Global Offensive (CS:GO) ဟာ တပြိုင်တည်းကစားသူအများဆုံးဦးရေ ၁,၂၅၁,၆၆၅ ယောက်နဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

CS:GO ရဲ့ သမိုင်းတလျှောက် ပျမ်းမျှအများဆုံးကစားသမားဦးရေဟာ ၇ သိန်းခွဲကျော်သာ ရှိတာကြောင့် ဒီစံချိန်ဟာ ပျမ်းမျှကစားသူဦးရေရဲ့ နှစ်ဆနီးနီးရှိနေတာပါ။




ဒါ့အပြင် နောက်ဆုံးရက်သုံးဆယ်အတွင်းမှာလည်း ကစားသမားသစ် ၈ သောင်း ၄ ထောင်ကျော် ရရှိခဲ့တာကြောင့် ကစားသမားသစ်ရရှိမှုလည်း ၁၂.၅၇% ထိ တိုးမြှင့်လာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ Update မှာ Operation Shattered Web စနစ်ကို အဆုံးသတ်လိုက်ပြီဖြစ်ပေမယ့် CS:GO ကစားသမားတွေကို ထိခိုက်မှုမရှိခဲ့ဘဲ တစ်နေ့ထက်တစ်နေ့ ကစားသူဦးရေပိုများလာပါတယ်။

         ယခင်က ဝယ်ယူကစားရပေမယ့် ၂၀၁၈ ခုနှစ်မှာ Free-to-play အဖြစ် ပြောင်းလဲခဲ့ပြီးနောက် နိုဝင်ဘာ ၂၀၁၈ က စပြီး CS:GO ကစားသမားဦးရေဟာ အတက်ပဲ ပြလာခဲ့ပြီး တပြိုင်နက်ကစားသူအများဆုံး ၇ သိန်းခွဲကျော်သာရှိခဲ့ရာကနေ အခုအခါ ပျမ်းမျှကစားသမားဦးရေနဲ့ အမြင့်ဆုံးကစားသမားစံချိန်သစ်တွေကိုပါ တင်နိုင်လာခဲ့တာပါ။


         လက်ရှိမှာ သူနဲ့ကစားပုံဆင်တဲ့ ဂိမ်းသစ် VALORANT ဟာ Closed Beta အဆင့်ကိုရောက်ရှိလာပြီး Twitch မှာလည်း ကြည့်ရှုသူများပြားနေတဲ့အပြင် CS:GO ရဲ့ Operation Shattered Web ကို ရပ်တန့်လိုက်တာတွေကြောင့် CS:GO ကစားသမားဦးရေကျဆင်းမယ်လို့ ထင်ခဲ့ကြပေမယ့် ပြောင်းပြန်ဖြစ်ခဲ့ပါတယ်။

         CS:GO ရဲ့လက်ရှိစံချိန်ဟာ Dota 2 ရဲ့ တပြိုင်နက်ကစားသူအမြင့်ဆုံးစံချိန် ၁,၂၉၁,၃၂၈ ကို မီဖို့လည်း လေးသောင်းကျော်သာ လိုအပ်တော့တာဖြစ်ပါတယ်။ အိမ်တွင်းအောင်းကာလမှာတော့ ဂိမ်မာဟောင်းတွေလည်း Steam ပေါ် ပြန်ရောက်လာပုံရပြီး Dota 2 နဲ့ CS:GO တို့ကို ပိုင်ဆိုင်တဲ့ သူ့ရဲ့ပလက်ဖောင်းဟာ ဧပြီလ ၅ ရက်နေ့မှာ တပြိုင်နက် အသုံးပြုသူ ၂၄.၅ သန်းနဲ့ စံချိန်သစ်ရရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က