ရိုးမားကတော့ ဘတ်စ်ကားကွက်နဲ့ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲတွေမှာတော့ ရိုးမားက ပထမအကျော့ အနိုင်ရလဒ်ကို ထိန်းကစားနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ ဆီဗီလာကို အချိန်ပိုမှာ အရေးနိမ့်ကာ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် Final မှာ All Italian Final ဖြစ်မယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ပြီး ရိုးမားနဲ့ ဆီဗီလာတို့သာ ထိပ်တိုက်တွေ့ရတော့မှာပါ။



မော်ရင်ဟိုရဲ့ ရိုးမားက ဒီပွဲမှာ ခံစစ်ပိုင်းကို စနစ်တကျ ပြင်ဆင်ခဲ့ပြီး လေဗာကူဆင်တို့ ပွဲချိန်တစ်လျှောက်လုံး ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ လေဗာကူဆင်တို့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၀) ရာခိုင်နှုန်းနဲ့အထက်၊ ဂိုးပေါက်ကန်သွင်းခွင့် အကြိမ် (၂၀) ကျော်အထိ ရရှိခဲ့တာပါ။

ရိုးမားကတော့ ပြိုင်ဘက်ဂိုးပေါက်ကို တစ်ကြိမ်သာ ကန်သွင်းခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့တဲ့ လေဗာကူဆင်တို့ ပွဲပြီးတဲ့အထိ ဂိုးမရခဲ့တာကြောင့် ရိုးမားက ပထမအကျော့က ရလဒ် ၁-၀ ဂိုးနဲ့ပဲ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။

‌နောက်ထပ် စီးရီးအေ အသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်ကတော့ အဝေးကွင်းမှာ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် မထိန်းနိုင်ဘဲ ချေပဂိုးနဲ့ အနိုင်ဂိုးပေးခဲ့ရတာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အတွက် ဗလာဟိုဗစ်က ဦးဆောင်ဂိုးသွင်းပေးခဲ့တာဖြစ်ပြီး ဆူဆိုက ဆီဗီလာအတွက် ချေပဂိုးသွင်းပေးခဲ့ပါတယ်။ အချိန်ပိုကစားချိန်မှာတော့ လာမယ်လာက ဆီဗီလာက အနိုင်ဂိုးသွင်းယူပေးခဲ့ပြီး ဗိုလ်လုပွဲမှာ ဆီဗီလာနဲ့ ရိုးမား ထိပ်တိုက်တွေ့တော့မှာပါ။

ယူရိုပါကွန်ဖရင့်လိဂ်ရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဥ်တွေမှာတော့ ဝက်စ်ဟမ်းက အယ်လ်ခမာကို အဝေးကွင်းမှာပါ ဖော်နယ်စ်ရဲ့ သွင်းဂိုးနဲ့ ထပ်မံအနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ ဖီအိုရင်တီးနားကလည်း ဘေဆယ်လ်ကို ၁-၃ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးနဲ့ ဗိုလ်လုပွဲမှာ ဝက်စ်ဟမ်းနဲ့ ထိပ်တိုက်တွေ့ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က