အခုလည်း ကြွက်သားဒဏ်ရာသစ်ကြောင့် အနားယူရပါဦးမယ်။

လန်းစ်နဲ့ကစားရမယ့် ဒီနေ့ပွဲစဉ်ကို ကြွက်သားဒဏ်ရာအသစ်ကြောင့် ရာမို့စ်ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပြီး စပိန်သားကြီးက နောက်တကြိမ်အနားယူနေဦးမှာဖြစ်ပါတယ်။


စိန့်အက်တီယန်နဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ပထမဆုံးအကြိမ်ပါဝင်ကစားပေးခဲ့တဲ့ ဆာဂျီယိုရာမို့စ်ဟာ တပတ်အကြာမှာတော့ ဒဏ်ရာပြသနာကြောင့် ထပ်မံအနားယူရတော့မှာဖြစ်ပါတယ်။ လန်းစ်နဲ့ကစားရမယ့် ဒီနေ့ပွဲစဉ်ကို ကြွက်သားဒဏ်ရာအသစ်ကြောင့် ရာမို့စ်ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပြီး စပိန်သားကြီးက နောက်တကြိမ်အနားယူနေဦးမှာဖြစ်ပါတယ်။



အသက် ၃၅ နှစ်အရွယ်နောက်ခံလူဟာ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဒီရာသီမှာရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီကစားသမားဘ၀မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး အခုမှ တပွဲတည်းသာကစားပေးထားရကာ ကစားပေးပြီးနောက် ပြန်အနားယူရမှာဖြစ်လို့ စိတ်ပျက်စရာတွေဖြစ်လာခဲ့ရပါတယ်။ 

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ နိုက်စ်နဲ့ပွဲမှာလည်း ရာမို့စ်မပါဝင်ခဲ့ဘဲ အခုအခါမှာ ပီအက်စ်ဂျီက သူတို့နောက်ခံလူဟာ ကြွက်သားဒဏ်ရာအသစ် ထပ်မံရရှိထားတယ်လို့ အတည်ပြုသွားခဲ့တာပါ။ စိန့်အက်တီယန်နဲ့ပွဲမှာ နေမာလည်း ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့လို့ စိတ်ပျက်နေရတဲ့ ပိုချက်တီနိုအတွက် ရာမို့စ်ကိစ္စကလည်း အာရုံနောက်စရာတခုဖြစ်လာခဲ့ပြန်ပါတယ်။ 

ရာမို့စ်ကို ခေါ်ယူခဲ့မှုဟာ သူတို့အတွက် အမှားအယွင်းတစ်ခုဖြစ်တယ်လို့ ပီအက်စ်ဂျီတာဝန်ရှိသူတွေက ခံစားမိနေပြီလို့လည်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားကို အရယူဖို့အတွက် အတွေ့အကြုံရင့်ကစားသမားကို အားကိုးမလို့ ခေါ်ယူခဲ့ကာမှာ ဆေးပဲကုပေးနေရကာ အသင်းအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပါဖြစ်ခဲ့တဲ့နောက် ပီအက်စ်ဂျီက သူတို့ရဲ့ အပြောင်းအရွှေ့မူဝါဒတွေကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။ 

Share

က္က