မာရှယ်လ်နဲ့ပတ်သက်လို့ ဆီဗီလာနည်းပြက သတိပေးခဲ့တာပါ။

ယူနိုက်တက်ကနေ ဆီဗီလာကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ မာရှယ်လ်အနေနဲ့ အသင်းမှာ အခုထက် ပိုမိုပြီး ပေးဆပ်ဖို့ လိုအပ်တယ်လို့ ဆီဗီလာနည်းပြ လိုပက်တယ်ဟီက သတိပေးစကားပြောကြားခဲ့ပါတယ်။



မာရှယ်လ်ဟာ မနေ့ညက အိုဆာဆူနာနဲ့ ကစားခဲ့တဲ့ လာလီဂါအဝေးကွင်း ပွဲစဥ်မှာ အသင်းသစ်နဲ့အတူ ပထမဆုံးပွဲထွက် ကစားခွင့်ရရှိခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ဆီဗီလာက စပိန်လာလီဂါမှာ (၁၈) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် မာရှယ်ပထမဆုံး ပွဲထွက်ခဲ့တဲ့ မနေ့ညကပွဲစဥ်မှာတော့ တဂိုးမှမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိသရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ မာရှယ်လ်ဟာ ဒီပွဲမှာ ဘောလုံးပေးပို့မှု (၃၆) ကြိမ်မှာ (၃၃) ကြိမ်အထိ အောင်မြင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးပေါက်ကို တကြိမ်တောင် မကန်သွင်းနိုင်ခဲ့ပါဘူး။

ပွဲအပြီးမှာတော့ ဆီဗီလာနည်းပြ လိုပက်တယ်ဟီက “မာရှယ်လ်အနေနဲ့ ကျနော်တို့အတွက် အများကြီး ပေးဆပ်ဖို့ လိုအပ်ပါတယ်။ ဒါက သူ့အတွက် အသင်းသစ်နဲ့ ပထမဆုံးပွဲဖြစ်ပြီး အသားကျဖို့ကလည်း မလွယ်ကူပါဘူး။ ဒီနှစ်အတွင်း သူက သိပ်မကစားခဲ့ရဘဲ လျင်မြန်သွက်လက်မှုနဲ့ ပွဲကစားချိန်၊ ယုံကြည်မှုတွေကို မြန်မြန်ဆန်ဆန် ပြန်လည်ရရှိလာဖို့ လိုအပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

မာရှယ်လ်ဟာ လေးလအတွင်း ပထမဆုံးအနေနဲ့ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် (၇၇) မိနစ်မှာတော့ လူစားလဲခံခဲ့ရပါတယ်။ ဆီဗီလာအနေနဲ့ ဒီပွဲရဲ့ ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ ပင်နယ်တီရရှိခဲ့ပေမယ့် ဒီပင်နယ်တီကို ရာကီတစ် ဝင်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။

မာရှယ်လ်အနေနဲ့ ဆီဗီလာကို အငှားနဲ့ ပြောင်းရွှေ့မှုမှာ အပြီးသတ်ပြောင်းရွှေ့ခွင့် မပါဝင်ခဲ့ပါဘူး။ အကြောင်းပြချက်ကတအကြောင်းပြချက်ကစ်နာခဲ့ရပါတယ််။ ်း သူက သိပ်မကစားခည်ထားပါတော့ လာမယ့်နွေရာသီမှာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာမယ့်ပုဂ္ဂိုလ်ရဲ့ လိုအပ်ချက်ကို သုံးသပ်ပြီးမှသာ မာရှယ်လ်ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်မှာဖြစ်တာကြောင့်လို့ သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က