flagship ဖုန်းတွေဘက်ကို အာရုံစိုက်နေတဲ့ Realme ဟာ ဘက်ဂျက်ဖုန်းတွေမှာလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ထားပါတယ်။
Realme ဟာ ဖေဖော်ဝါရီလလယ်လောက်ကပဲ dual ကင်မရာတွေ သုံးထားတဲ့ Realme C3 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာ Realme C3 ကိုမှ triple lens ကင်မရာစနစ်နဲ့ အသစ် မိတ်ဆက်လိုက်တာပါ။ Realme C3 ဗားရှင်းသစ်ရဲ့ ဒီဇိုင်းပိုင်းနဲ့ သုံးထားတဲ့ ဘက်ထရီပါဝါဟာ အရင်ဗားရှင်းနဲ့ အတူတူပါပဲ။
Photo: NDTV Gadgets
Realme C3 ဗားရှင်းသစ်မှာ 12MP ပင်မကင်မရာနဲ့ 2MP depth sensor အပြင် အရာဝတ္ထုတွေကို ၄ စင်တီမီတာအထိ အနီးကပ် ရိုက်ကူးနိုင်တဲ့ 2MP macro ကင်မရာသစ်ကို သုံးလားပါတယ်။ နောက်တစ်ခု ထူးခြားတာက ကျောဘက်မှာ ၀.၂၇ လက်မအတွင်း ဖွင့်နိုင်တဲ့ လက်ဗွေစနစ်တစ်ခု တပ်ဆင်ထားတာပါ။
ဗားရှင်းသစ် မိတ်ဆက်လိုက်တဲ့ Realme C3 ဟာ Helio G70 SoC နဲ့ လာပြီး Android 10 အခြေခံထားတဲ့ Realmi UI သုံးထားပါတယ်။ ၆.၅ လက်မ HD+ LCD display ဟာ ရှေ့ဘက်မှာ 5MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။ memory အတွဲအစပ် သုံးမျိုးထွက်ထားပြီး RAM 2GB/32GB storage ဗားရှင်းကတော့ အနိမ့်ဆုံး ဖြစ်ပါတယ်။
microSD card slot ထည့်ပေးထားပြီး 256GB အထိ ထပ်တိုးနိုင်မှာပါ။ 5000mAh အကြီးစား ဘက်ထရီ ပါရှိပြီး တစ်ခြားဖုန်းတွေကိုပါ Reverse Charging သွင်းနိုင်မှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ Blazing Red နဲ့ Frozen Blue နှစ်ရောင်ထွက်ထားပြီး ထိုင်းဘတ် ၃၉၉၉ (မြန်မာငွေ ၁ သိန်း ၈ သောင်းခွဲခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။