ခေါင်းထဲ ထည့်စရာမလိုဘူးလို့ထင်တယ်။

ရွှေအိမ်စည်က ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ Troll ခံနေရတဲ့ ဓာတ်ပုံတွေအတွက် ဘာမှ ခံစားမနေတော့ဘူးလို့ ဆိုပါတယ်။ အခုလက်ရှိ ဘဝကိုလေး အေးအေးချမ်းချမ်း ဖြတ်သန်းနေပါတယ်တဲ့။

Photo: Shwe Eain Si



အိမ်စည်က အခုလက်ရှိ အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ ဓာတ်ပုံတွေအပေါ် သူ့ရဲ့ခံစားချက်ကို ပြောပြလာပါတယ်။ Troll တဲ့သူတွေရဲ့ စကားကြွယ်မှုတွေကြောင့် သဘောကျဖို့လည်း ကောင်းတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’အိမ်စည် ဘာမှ မခံစားရတော့ ဘာမှ မတုံ့ပြန်ဘူးလေ။ Troll တဲ့သူတွေကိုတောင် အိမ်စည်က ကျေးဇူးတင်သေးတယ်။ ထိုင်ရယ်နေရတာ ရယ်နေရင်းနဲ့တောင် တွေးမိတယ်။ အရမ်းပြောတတ်ကြတယ်လို့။ အိမ်စည်လေ မြန်မာနိုင်ငံရောက်မှ ဒါတွေသိရတာ။ စကားကြွယ်ကြတယ် အားလုံးက’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြလာပါတယ်။

Photo: Facebook

Troll ခံရတဲ့ ဓာတ်ပုံတွေကြောင့် ပရိသတ်စိတ်ဝင်စားမှုပိုခံနေရချိန်မှာတော့ ရွှေအိမ်စည်က သီချင်းလေးတစ်ပုဒ်ကို သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ ဒီစာသားလေးကြောင့်လည်း အိမ်စည့်ရဲ့ ခံစားချက်ကို ပိုပြီးတော့ စိတ်ဝင်စားလာကြပါတယ်။

‘’ ဒါက ကိုယ့်ရဲ့ Facebook လေ ငါ ဒါကို အရမ်းကြိုက်နေတယ်။ ဒါတင်မယ်ပေါ့။ ပြောရမယ်ဆိုရင် အိမ်စည်တွေးရမယ်လေ ဒါတင်လို့ရှိရင် ဖြစ်မယ်ဆိုတာ သိတယ်လို့ တွက်ထားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တစ်မျိုးများဖြစ်သွားမလားမသိဘူးပေါ့။ ဒါပေမယ့် အဲ့ဒီအပေါ်မှာ အိမ်စည် လိုက်ခံစားနေလို့ မရဘူးလေ။ ကိုယ့်ဘာသာကိုယ် လုပ်ချင်တာ လုပ်နေမယ်။ အဲဒီလောက်အထိ ခေါင်းထဲ ထည့်စရာမလိုဘူးလို့ထင်လို့’’ လို့ သူကဆိုပါတယ်။

Photo: Nay Oo Lwin

ရွှေအိမ်စည်က မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ လက်ခံထားတယ်လို့ ဆိုပါတယ်။ သူမရဲ့ ဘဝကိုလည်း ပျော်ရွှင်အေးချမ်းမှုတွေနဲ့ ဖြတ်သန်းနေပြီလို့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညက Shake The World ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ အိမ်စည့်ရဲ့ ဘဝကြီးက အခုချိန်မှာ ငြိမ်းချမ်းတယ်။ ပျော်ရွှင်တယ်။ အခုလက်ရှိမှာလည်း အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားကို လက်ခံလိုက်တယ်။ အိမ်စည်ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းဖတ်ပြီးပြီ’’ လို့ ဆက်လက် ပြောပြထားပါတယ်။ 

Photo: Shwe Eain Si

ရွှေအိမ်စည်ဟာ Miss Supranational 2018 ပြိုင်ပွဲကြီးမှာလည်း မြန်မာနိုင်ငံက ပရိသတ်တွေရဲ့အားပေးမှု သူမရဲ့ ကြိုးစားမှုတွေကြောင့် အခြားသော အလှမယ်တွေကြားထဲမှာ မျက်နှာပွင့်လန်းခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလ ၂ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ Preliminary Evening Gown ရဲ့ Winner ဆုကိုလည်းရရှိပိုင်ဆိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို မသိတဲ့ နိုင်ငံတကာ အလှမယ်တွေ ကြားထဲမှာ မြန်မာနိုင်ငံကိုကောင်းကောင်းကြီး Promote လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က