TrueMoney ရဲ့ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုကို အသုံးပြုသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ “များများလွှဲ များများပေါက်” ဆိုတဲ့ ငွေသားပြန်ပေး ကံစမ်းမဲအစီအစဉ်ကို မတ်လ (၄)ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။
အဆိုပါ ငွေသားပြန်ပေး ကံစမ်းမဲအစီအစဉ်ဟာ TrueMoney ရဲ့ ဝန်ဆောင်မှုတွေကို လက်ရှိသုံးစွဲနေသူတွေ၊ သုံးစွဲသူအသစ်တွေကို အပတ်စဉ်ငွေသားဆုကြေးတွေ မဲဖောက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
TrueMoney ရဲ့ များများလွှဲ များများပေါက် အစီအစဉ်ကို ဖေဖေါ်ဝါရီ(၁၇)ရက်နေ့က စတင်ပြုလုပ်နေတာဖြစ်ပြီး ဧပြီလ(၅)ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ငွေနှစ်သောင်းခွဲအထက် တစ်ကြိမ်လွှဲတိုင်း အဆိုပါ ကံစမ်းမဲအစီအစဉ်မှာ တစ်ကြိမ်ပါဝင်ကံစမ်းနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကံစမ်းမဲ အစီအစဉ်ပြုလုပ်နေစဉ်အတွင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကံထူးရှင် အယောက်(၅၀) ကို TrueMoney Myanmar Facebook Page မှာ Live လွှင့်ပြီး ရွေးချယ်ပြီး ကျပ်ငွေ(၁)သိန်းစီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ ကံစမ်းမဲအစီအစဉ်ရဲ့ ပထမဆုံးအပတ်စဉ်အတွက် ကံထူးရှင် ရွေးချယ်ပွဲကို ဖေဖေါ်ဝါရီ(၂၆) ရက်နေ့ ညနေ(၆)နာရီက Facebook Page မှာ Live လွှင့်ရွေးချယ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ မိမိကံထူးရှင်ဖြစ်ကြောင်းကိုတော့ ကြေငြာလိုက်တဲ့ ကံထူးရှင်နံပါတ်တွေကို မိမိတို့ ငွေလွှဲရာမှာ ရရှိလာတဲ့ SMS က နံပါတ်(၆)လုံး နဲ့ တိုက်ဆိုင်စစ်ဆေးနိုင်သလို TrueMoney ကနေလည်း ဖုန်းခေါ်ဆိုပြီး ဆက်သွယ်အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။
(ဒီသတင်းကို TrueMoney မှပံ့ပိုးကူညီထားပါတယ်)