လူ့အခွင့်အရေးကော်မရှင်ကနေ နော်သော့သွဲ့ထူး ဖြစ်စဉ်ကို အစီရင်ခံစာတင်သွားမှာဖြစ်ပါတယ်။

ဒိုက်ဦးမြို့နယ်မှာ တစ်သောင်းတန်အတုတွေ့ရှိမှုကြောင့် အဖမ်းခံထားရတဲ့ နော်သော့သွဲ့ထူး ဟာ အတုမှန်းသိရှိခြင်းမရှိဘဲ သုံးစွဲမိခဲ့တာဖြစ်သလို ဖြစ်စဉ်မှာ သူဟာ ရိုးသာတယ်ဆိုတာ ပေါ်လွင်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဒီဇင်ဘာ ၂၈ ရက်နေ့က ပြောပါတယ်။

photo - မောင်တင့်

"ဖြစ်စဉ်တစ်ခုလုံးမှာ ကလေးမလေးက ရိုးသားပါတယ်။ တမင်လုပ်ခဲ့တာမဟုတ်ဘူးလို့ပေါ်လွင်တယ်။ ကော်မရှင်အနေနဲ့ကတော့ သက်ဆိုင်ရာဌာနတွေကို တွေ့ရှိချက်တွေပေးပို့သွားမယ်။ အမှုကတရားရုံးရောက်နေတော့ ကော်မရှင်အနေနဲ့ ဥပဒေအရ လွှတ်ပေးပါလို့ပြောလို့မရဘူး။ သက်ဆိုင်တဲ့သူတွေဆီတော့ ပေးပို့သွားမယ်။"လို့ ဦးယုလွင်အောင်က Duwun ပြောပါတယ်။

င်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဒိုက်ဦးမြို့ နယ်၊ စစ်ဗိုလ်ကြီးကျေးရွာအုပ်စု၊ လယ်ကြားမြောင်ကျေးရွာတွင်နေထိုင်တဲ့ မနော်သောသွဲထူး ကိုမြန်မာငွေကျပ် တစ်သောင်းတန် ငွေစက္ကူအတုတွေ သုံးစွဲခဲ့တယ်ဆိုပြီးတော့ဒိုက်ဦးမြို့နယ် တရားရုံးမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရပါတယ်။

ဒီကိစ္စကို မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ဦးဆောင်တဲ့ အဖွဲ့ကဒီဇင်ဘာ ၂၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကိုအစီရင်ခံစာတင်သွားဖို့ရှိနေပါတယ်။



Share

Loading Next Article...
က္က