ကျပ်တစ်ထောင်တန် ထီလက်မှတ်တွေကို ဈေးကွက်မှာ အရှုံးခံပြီး ရောင်းချနေရတယ်လို့ ထီအရောင်းကိုယ်စားလှယ်တွေဆီကနေ သိရပါတယ်။
ငွေကျပ် သိန်းတစ်သောင်းခွဲ ဆုချီးမြှင့်မယ့် တစ်စောင်လျှင် တစ်ထောင်နှုန်းနဲ့ ထီလက်မှတ်တွေကို ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်ရောင်းချခဲ့ရာ ပြည်သူအများစုက ငွေကြေးအခြေအနေကြောင့် ဝယ်ယူမှုတွေနည်းပါးသွားတယ်လို့ ကမာရွတ်မြို့နယ်အနီးတစ်ဝိုက်မှာ ရောင်းချနေတဲ့ ထီကိုယ်စားလှယ်တွေက ပြောပါတယ်။
“ကျွန်တော်တို့ဆီမှာတော့ တစ်ထောင်တန်ထီ ပိုရောင်းရပါတယ်။ အခုမှ စထွက်တာ၊ သိန်းတစ်သောင်းဆိုတော့ ဝယ်ကြပါတယ်။ ငါးရာတန်ထီတွေကို တစ်ထောင်တန်စောင်ရေ ဝယ်တဲ့အပေါ်မူတည်ပြီး လက်ဆောင်အဖြစ်ပေးပါတယ်” လို့ အောင်ပြည့်စုံ ထီအရောင်းကိုယ်စားလှယ် ကိုအေးကျော်စွာက ပြောပါတယ်။
တစ်ထောင်ကျပ်ထီအတွက် ဆုကြေးငွေ သိန်းတစ်သောင်းခွဲကို လာမယ့် မတ်လ ၁ ရက်နေ့မှာ စတင်ပေးသွားမယ်လို့လည်း သိရပါတယ်။ အ
စိုးရက ငါးရာတန် ထီလက်မှတ်တွေကို မေလလောက်မှာ ရောင်းချမှာ မဟုတ်တော့ဘဲ တစ်ထောင်တန်ထီကိုသာ ရောင်းချတော့မှာ ဖြစ်တာကြောင့် ထီအရောင်းဈေးကွက် ဆက်တိုက်ကျဆင်းသွားမယ်လို့ ကိုယ်စားလှယ်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။