တစ်ဖက်တစ်ဂိုးစီ သရေပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

ပွဲစဉ် ၄ ပြီး ဆုံးချိန်အထိ နိုင်ပွဲတစ်ပွဲသာ ရှာဖွေထားနိုင်သေးပြီး ၂ ပွဲသရေ ၁ ပွဲရှုံးရလဒ်နဲ့ အဆင့် ၅ မှာ ယာယီ ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ အစောဆုံး ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တစ်ဖက် တစ်ဂိုးစီ သရေပွဲ ဖြစ်ပေါ်ခဲ့ပါတယ်။

ပွဲအစ ၁၀ မိနစ်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး လူငယ်တိုက်စစ်မှူး ဒန်နီရယ် ဂျိမ်းစ် က သွင်းယူပေးခဲ့တာပါ။

ဒီဂိုးကိုတော့ မန်ချက်စတာယူနိုက်တက်အသင်း ၅၇ မိနစ်လောက်သာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ၅၈ မိနစ်မှာတော့ ဆောက်သမ်တန် နောက်ခံလူ ဗက်စ်တာဂတ်စ်က ခေါင်းတိုက်ပြီး ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။

ချေပဂိုးပေးလိုက်ရတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း ကစားသမားအပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ပါရဲရားအစား လင်ဂတ်၊မာတာအစားမာတစ်တို့ကိုထည့်သွင်းခဲ့ပါတယ်။

၇၃ မိနစ်မှာတော့ ဆောက်သမ်တန် နောက်ခံလူ ဒန်ဆို နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ယူနိုက်တက်အသင်း အခွင့်အရေးသာခဲ့ပေမယ့် ပွဲပြီးချိန်အထိ ဒီအခွင့်အရေးကို အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ တစ်ဂိုးစီ သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ အခုပွဲသရေကျလို့ ၄ ပွဲကစား တစ်ပွဲနိုင် တစ်ပွဲရှုံး ၂ ပွဲသရေကျထား ပြီး ရမှတ် ၅ မှတ်နဲ့ ည ၈ နာရီခွဲပွဲတွေ မကစားပြီးခင်အထိ အဆင့် ၄ မှာယာယီရပ်တည်နေပါတယ်။

ဆောက်သမ်တန်အသင်းကလည်း တစ်ပွဲနိုင် တစ်ပွဲသရေ ၂ ပွဲရှုံးနဲ့ ရမှတ် ၄ မှတ်ရရှိကာ အဆင့် ၁၃ နေရာမှာ ယာယီရပ်တည်နေပါတယ်။

Share

က္က