ဘေဘီမောင်ဟာ တစ်ချိန်က Sexy ကျကျ ဓာတ်ပုံတွေ ရိုက်ခဲ့မိတဲ့အပေါ် နောင်တရတဲ့အကြောင်းတွေကို ရင်ဖွင့်ပြောပြလာပါတယ်။ သူကိုယ်တိုင်ကလည်း ဖော်ဖော်ချွတ်ချွတ် ဝတ်စားဆင်ယင်မှုကို ရွံရှာနေပြီလို့ ဆိုပါတယ်။
Photo: Myat Noe Kyaw Fb
သရုပ်ဆောင် ဘေဘီမောင်ကို ပရိသတ်တွေက Sexy ပုံတွေကနေတဆင့် သိခဲ့တာဖြစ်ပါတယ်။ ဒီလို Sexy ဓာတ်ပုံတွေ ရိုက်ခဲ့မိတဲ့အပေါ် နောင်တရမိတဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြလာပါတယ်။
‘’အရင်တုန်းက sexy ပုံတွေရိုက်ဖြစ်တယ်။ အဲ့ဒီတုန်းက like တွေshare တွေများတယ်။ ခုချိန်မှာ မြန်မာ ဝတ်စုံနဲ့ကျတော့ like တွေ နည်းသွားတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘူး ။ ငယ်ရွယ်တဲ့အချိန်မှာ ရိုက်မိခဲ့တယ်။ အမှားကိုသိလို့ အမှန်သိတဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မ လူတော်တစ်ယောက်ဖြစ်အောင်နေတယ်‘’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီ ၁၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Baby Maung Fb
ဘေဘီမောင်က အခုချိန်မှာ ဖော်ဖော်ချွတ်ချွတ် ဓာတ်ပုံတွေ ရိုက်ဖို့ကိုတောင် စိတ်ပျက်နေပြီလို့ ဆိုပါတယ်။ ဖော်မှချွတ်မှ အောင်မြင်မယ်ဆိုရင်လည်း အောင်မြင်မှုရဲ့ နောက်ကွယ်မှာပဲ နေမယ်လို့ သူကပြောပါတယ်။
‘’ကျွန်မက မြန်မာမိန်းခလေး အလွန်ကျွံဖော်ချွတ်နေတာကို ကျွန်မကိုယ်တိုင် ရွံရှာတယ်။ တစ်ကိုယ်လုံး ဖော်ချွတ်နေပြမယ်၊ အောင်မြင်မယ်ဆို အောင်မြင်မှုနောက်ကွယ်မှာပဲနေတော့မယ်။ တစ်ခါတလေ ပွဲတက်များဝတ်စားဆင်ယင်တာကိုမပြောလိုပါ အားလုံးကိုချစ်ပါတယ်" ဘေဘီမောင်က ပြောထားပါတယ်။’ လို့ ဆက်လက်ပြောပြထားပါတယ်။
Photo: Baby Maung Page
အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝတ်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။
Photo: ဘေဘီမောင် Fb
ဘေဘီမောင်ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေး ကိုလည်း ဖွင့်လှစ်ထားပါတယ်။