စက်တင်ဘာ ၅ ရက်နေ့စတင်မှာပါ

ခပ်စိပ်စိပ် ဖြစ်ပွားလာတဲ့ ride-hailing ကုမ္ပဏီများရဲ့ ရာဇဝတ်မှုများရဲ့ အပေါ် တရုတ်အစိုးရဟာ စုံးစမ်းစစ်ဆေးရေး စတင်တော့မှာပါ။



gettyimages-483081544.jpg

Photo: CNET

 

အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အကြီးဆုံး အငှားယာဉ်ဝန်ဆောင်မှုကြီး တစ်ခုဖြစ်တဲ့ Didi Chuxing ကို ငှားရမ်းစီးနင်းသူ အသက် ၂၀ အမျိုးသမီး ခရီးသည်တစ်ဦးကို Didi ယာဉ်မောင်းမှ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီးနောက် အမှုက ကြီးသထက် ကြီးလာခဲ့တာပါ။ ဒါဟာ ၂၀၁၈ တစ်နှစ်အတွင်း Didi ခရီးသည် အမျိုးသမီး ၂ ဦး အသတ်ခံရတဲ့ အမှုလည်း ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်များဟာ စက်တင်ဘာ ၅ ရက်နေ့က စပြီး တစ်နိုင်ငံလုံးမှာ ရှိတဲ့ ride-hailing ဝန်ဆောင်မှုအားလုံးကို စစ်ဆေးသွားမှာပါ။ Didi ကတော့ အစိုုးရရဲ့ ဒီလုပ်ဆောင်ချက်ကို ကြိုဆိုပြီး စုံစမ်းစစ်ဆေးမှုများမှာ အပြည့်အဝ ပူးပေါင်း ပါဝင်မယ်လို့ထုတ်ပြန်ထားပါတယ်။

"ဒီကြီးကြပ်မှုကို ကျွန်တော်တို့လက်ခံတယ်။ အများပြည်သူဘေးကင်းဖို့အတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အဆင့်မြှင့်ဖို့အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။" လို့Didi က ကုမ္ပဏီရဲ့ Weibo အကောင့်မှာ ကြေငြာခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းက Didi ကားအငှားကုမ္ပဏီ ယာဉ်မောင်းရဲ့ သားဖြစ်သူဟာ မျက်နှာပြင်ဖတ်စနစ် ချိုးယွင်းချက်ကနေ သူ့အဖေရဲ့Didi အကောင့်ထဲ ဝင်ရောက်ပြီး အမျိုးသမီး ခရီးသည်တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာပါ။ သြဂုတ်လကုန်ပိုင်းကလည်း တရုတ်ပြည်အရှေ့ပိုင်း ဝမ်ကျော်မှ နောက်ထပ် ခရီးသည်အမျိုးသမီးတစ်ဦး အလားတူ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။

Photo: MIT Technology Review

 

ဒီအမှုနှစ်ခုလုံးဟာ Didi ရဲ့ လမ်းကြောင်း တူ ကားစုငှားကြတဲ့ Hitch app ကို ငှားရင်း ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် Didi ဟာ Hitch ရဲ့ အထွေထွေမန်နေဂျာနဲ့ကုမ္ပဏီရဲ့ ဖောက်သည်ဝန်ဆောင်မှုပိုင်း ဒုဥက္ကဌဖြစ်သူ ဟွမ် ဂျင်ဟောင်တို့ကို ရာထူးမှ ထုတ်ပယ်ခဲ့သလို ဒီဝန်ဆောင်မှုကိုလည်း ပြန်ပြီး ဒီဇိုင်းဆွဲဖို့အတွက် ခဏ ရပ်ဆိုင်းလိုက်တယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က