လက်ရှိစီးရီးအေမှာလည်း သွင်းဂိုး ၁၄ဂိုးနဲ့ သွင်းဂိုအများဆုံးကစားသမားစာရင်းမှာ ဦးဆောင်နေပါတယ်။

ဂျုဗင်တပ်အသင်းရဲ့ကမ္ဘာကျော်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုက တစ်ဦးချင်းထူးချွန်ဆုတွေရယူနိုင်ဖို့ အတွက် အာရုံမစိုက်တတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးရွှေဘောလုံးဆု ငါးကြိမ်ရ ကစားသမားဖြစ်ပြီး ၂၀၁၉မှာ ခြောက်ကြိမ်မြောက်ရွှေဘောလုံးဆုကို ရယူနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်နေကြပါတယ်။

ကမ္ဘာကျော်ဘောလုံးဝက်ဘ်ဆိုက် Goal ရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုက သူ့အနေနဲ့ တစ်ဦးချင်းထူးချွန်ဆုတွေရဖို့ ဘယ်တော့မှာ အာရုံမစိုက်ဘူးလို့ပြောခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၃နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ တတိယမြောက် ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးရယူနိုင်ဖို့အတွက် ဂျုဗင်တပ်အသင်းကိုပြောင်းရွှေ့လာတာဖြစ်ပြီး ဂျုဗင်တပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ပွဲမှာ ၁၅ဂိုးသွင်းယူထားနိုင်ပါတယ်။



ဒါပေမယ့် ၂၀၁၈မှ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးအဖြစ် သတ်မှတ်ခံရခြင်းမရှိပဲ ခရိုအေးရှားကွင်းလယ်ကစားသမား လူကာမိုဒရစ်နောက် ဒုတိယအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။ “တစ်ဦးချင်းထူးချွန်ဆုတွေအတွက် ကျွန်တော်ဘယ်တော့မှာ အာရုံစိုက်လေ့မရှိပါဘူး။ အရေးအကြီးဆုံးက အသင်းကိုကူညီနိုင်ဖို့ပါ။ ဒါကြောင့်အနားယူချိန်မရောက်ခင်အထိ ကျွန်တော်ပြင်းပြင်းထန်ထန်အလုပ်လုပ်ပါတယ်။ အနိုင်ရချိန်မှာ ပျော်ရွှင်မှုကို ဘယ်တော့မှ ဖုံးကွယ်ထားလေ့မရှိပါဘူး။”လို့ ရော်နယ်ဒိုက Record သတင်းဝက်ဘ်ဆိုက်ကိုပြောခဲ့တဲ့ သတင်းကို Goal က ပြန်လည်ဖော်ပြထားပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ၂၀၁၈ခုနှစ်မှာ လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းနှစ်သင်းစလုံးအတွက် ၅၃ပွဲကစားခဲ့ပြီး ၄၉ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိစီးရီးအေမှာလည်း သွင်းဂိုး ၁၄ဂိုးနဲ့ သွင်းဂိုအများဆုံးကစားသမားစာရင်းမှာ ဦးဆောင်နေပါတယ်။ ရော်နယ်ဒိုအနေနဲ့ ၁၉၉၆ကတည်းက ဥရောပ ဆုဖလားတွေနဲ့ဝေးကွာနေတဲ့ ဂျုဗင်တပ်အသင်းနဲ့အတူ ဒီနှစ်မှာ ချန်ပီယံလိဂ်ဖလားရဖို့ စိတ်အားထက်သန်နေပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က