ဧပြီ ၂၉ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ

Lenovo ရဲ့ နောက်ဆုံးထွက် flagship မော်ဒယ် Z6 Pro ကတော့ စိတ်ဝင်စားသူ မြင့်နေတယ်လို့ဆိုပါတယ်။

         ဧပြီ ၂၃ ရက်နေ့က မိတ်ဆက်သွားတဲ့ ဒီဖုန်းဟာ မိတ်ဆက်ပြီး နောက်တစ်ရက်မှာပဲ အွန်လိုင်းမှာ register တင်သူ ၂ သိန်းအထိ ရှိလာတယ်လို့Lenovo က ကြေညာထားပါတယ်။ register လုပ်တာဟာ ဒီဖုန်းကို preorder မှာယူတာမျိုး မဟုတ်ဘဲ ဝယ်ဖို့စိတ်ဝင်စားတဲ့အကြောင်း စာရင်းပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။

Photo: GSMArena

          ဒီလိုမျိုး register လုပ်တဲ့အတွက်လည်း ပိုက်ဆံပေးစရာ မလိုတာကြောင့် registration ပိုင်းကို လူတိုင်း လုပ်နိုင်သလို ဒီလူတွေအကုန်လုံးကလည်း ဝယ်မယ်လို့တော့ ပြောမရပါဘူး။ တစ်ဖက်ကကြည့်ရင်တော့ ဒီဖုန်းရဲ့ ဈေးကွက်က ဝယ်လိုအားကို ဒီနေရာကနေ မှန်းကြည့်လို့တော့ ရမှာ ဖြစ်ပါတယ်။ Lenovo Z6 Pro ဟာ Lenovo အွန်လိုင်းဝက်ဘ်ဆိုက်မှာအပြင် JD.com နဲ့TMall တို့လို တရုတ်အွန်လိုင်းစတိုးတွေမှာလည်း ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။

         Lenovo Z6 Pro ဟာ Lenovo က ထုတ်တဲ့ ဖုန်းတွေထဲမှာ ကင်မရာ ၄ လုံး သုံးထားတဲ့ ပထမဆုံးဖုန်း ဖြစ်ပြီး waterdrop notch နဲ့လာတဲ့ မျက်နှာပြင် ၆.၃၉ လက်မအရွယ် စမတ်ဖုန်းတစ်လုံးပါ။ Super AMOLED display နဲ့လာပြီး in-display လက်ဗွေစနစ်ကို ဖုန်း display အောက်မှာ ထည့်သွင်းထားပါတယ်။ အရောင်အနေနဲ့အနီနဲ့အစိမ်း ကာလာ ၂ ရောင် နဲ့လာပြီး ဘေးဘောင်အတော်လေး ပါးတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

         ၂၀၁၉ ထွက် high-end ဖုန်းဖြစ်တဲ့အတိုင်း Lenovo Z6 Pro ဟာ Snapdragon 855 processor ကို သုံးထားပြီး RAM ပမာဏကို 6GB ၊ 8GB နဲ့12GB အထိ ပါလာပါတယ်။ RAM 6GB နဲ့8GB တို့ကတော့ storageကို 128GB နဲ့လာပြီး RAM 12GB မှာ 512GB storage ပါရှိပါတယ်။ ဖုန်းအပူလွန်ကဲမှုကို ဖြေရှင်းဖို့အတွက် Coldfront Liquid Cooling စနစ် ပါဝင်လာပါတယ်။

   Photo: Android Headlines      

         ထောင်လိုက် ၄ လုံးတွဲ ကင်မရာစနစ်မှာ 16MP wide-angle lens ၊ 48MP main camera ၊ 8MP telephoto နဲ့video ရိုက်ကူးမှုကို အဆင့်မြှင့်ပေးမယ့် 2MP ကင်မရာ ပါရှိပြီး AI နည်းပညာကို အခြေခံထားတဲ့ Super Night Scene ၊ Super Wide Angle စတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေလည်း သုံးနိုင်မှာပါ။ ဒီကင်မရာတွေနဲ့အတူ ToF Sensor နဲ့PDAF sensor တို့လည်း ပါဝင်ပါတယ်။

         ရှေ့ဘက်မှာ 32MP ဆယ်လ်ဖီကင်မရာ ပါရှိပြီး ဘက်ထရီပါဝါကို အကြီးစား ဘက်ထရီ ပါဝါဖြစ်တဲ့ 4000 mAh ဘက်ထရီ သုံးထားပါတယ်။ ဒီဘက်ထရီဟာ 27W fast Charging ရပြီး Reverse Charging စနစ်လည်း သုံးနိုင်မယ်လို့ဆိုပါတယ်။ ဒီဖုန်းကို ဗားရှင်း သုံးမျိုးနဲ့ထုတ်ထားပြီး အနိမ့်ဆုံး RAM 6GB မော်ဒယ်ကို ၂၈၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၆ သောင်းကျော်) ၊ RAM 8GB မော်ဒယ်ကို ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခွဲ) နဲ့အမြင့်ဆုံးမော်ဒယ် RAM 12GB ဗားရှင်းကို ၄၇၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းခန့်) ဈေးနဲ့ဧပြီလ ၂၉ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က