လူပေးကစားခြင်းမရှိခဲ့လို့ ဖြစ်ပါတယ်။

ပွဲကစားချိန်အတွင်းမှာ သူ့ကိုဘောလုံးပေးကစားဖို့ ဆန္ဒမရှိခဲ့တဲ့ ဆာလာရဲ့ လုပ်ရပ်အပေါ် မာနေးက ဒေါသပေါက်ကွဲခဲ့တာဖြစ်ပြီး နည်းပြကလော့ပ်နဲ့ အသင်းဖော်ဖာမီနိုတို့က နှစ်သိမ့်မှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။

အဝေးကွင်းမှာ ဘန်လေကို လီဗာပူးလ်က ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လီဗာပူးလ်တိုက်စစ်ကစားသမား မာနေးဟာ အသင်းဖော်ဆာလာအပေါ် ဒေါသထွက်ခဲ့ပြီးတော့ ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပွဲကစားချိန်အတွင်းမှာ သူ့ကိုဘောလုံးပေးကစားဖို့ ဆန္ဒမရှိခဲ့တဲ့ ဆာလာရဲ့ လုပ်ရပ်အပေါ် မာနေးက ဒေါသပေါက်ကွဲခဲ့တာဖြစ်ပြီး နည်းပြကလော့ပ်နဲ့ အသင်းဖော်ဖာမီနိုတို့က နှစ်သိမ့်မှုတွေ ပြုလုပ်ပေးခဲ့ရတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

မာနေးကတော့ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို ပွဲကစားချိန် ၃၁ မိနစ်မှာ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ပွဲချိန်ဒုတိယပိုင်းမှာတော့ ဆာလာက ဘောလုံးရရှိထားချိန်မှာ ဂိုးသွင်းဖို့ကိုပဲ အာရုံစိုက်ပြီး ပြိုင်ဘက်နောက်တန်းကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လွယ်ကူမှုမရှိတော့တဲ့ အနေအထားကို ရောက်ရှိခဲ့ပြီး ဂိုးကန်သွင်းခဲ့ရာမှာတော့ လွဲချော်ခဲ့ရပါတယ်။

မာနေးကတော့ ဧရိယာအတွင်းမှာ လူကပ်ကစားခံထားရခြင်းမရှိပဲ အလွယ်တကူဂိုးသွင်းနိုင်မယ့် အနေအထားမှာ ရှိနေခဲ့တာပါ။ ဒီအပေါ်မှာ မာနေးက ဒေါသထွက်ခဲ့ပြီး ဆာလာရဲ့ တစ်ကိုယ်ကောင်းဆန်မှုအပေါ်မှာ ပြစ်တင်ပြောဆိုဖို့ ကြိုးပမ်းခဲ့ပြီး နည်းပြကလော့ပ်က ထိန်းသိမ်းခဲ့ရပါတယ်။ အဲဒီနောက် ပွဲချိန် ၈၅ မိနစ်မှာ မာနေးကို လူစားလဲလှယ်ခဲ့ရပြီး အရန်ခုံတန်းမှာလည်း မာနေးက ဒေါသထွက်နေခဲ့လို့ အသင်းဖော်ဖာမီနိုက နှစ်သိမ့်ပေးနေခဲ့ရပါတယ်။

ဒီမြင်ကွင်းအပေါ်မှာ ပရိသတ်တော်တော်များများကလည်း မာနေးဘက်က ထောက်ခံခဲ့ပြီး ဆာလာရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ပြစ်တင်ခဲ့ကြပါတယ်။ ဆာလာအနေနဲ့ မာနေးကို ပြန်လည်တောင်းပန်မှုပြုလုပ်သင့်တယ်လို့ မှတ်ချက်ပြုမှုတွေ ရှိခဲ့ပြီး ဆီနီဂေါကစားသမားရဲ့ ဒေါသထွက်မှုက မှန်ကန်တယ်လို့လည်း ပြောဆိုနေခဲ့ကြပါတယ်။

လီဗာပူးလ်ကတော့ ဒီပွဲကို အနိုင်ရရှိခဲ့လို့ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီဖြစ်ပါတယ်။ အသင်းအတွက်လည်း ၁၃ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ပုံမှန်ခြေစွမ်းပြသနေခဲ့ပေမယ့် မာနေး နဲ့ ဆာလာတို့ရဲ့ အဖြစ်အပျက်က အနည်းငယ်စိတ်ပျက်စရာတော့ ဖြစ်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က