မန္တလေးမှာလုပ်သွားမှာပါ။

 မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် G Fatt ကတော့ မကြာခင် မန္တလေးက ပရိသတ်တွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

 

G Fatt က မန္တလေးမှာ ပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ သူ့ရဲ့ ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၁) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါပြီ။ မန္တလေးက ပရိသတ်တွေနဲ့ မဆုံတာ ကြာပြီဖြစ်တာကြောင့် တစ်ကိုယ်တော်ပွဲကို မန္တလေးမှာ လုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး ရန်ကုန်က ပရိသတ်တွေနဲ့ ဆုံဖို့ကတော့ တစ်နှစ်လောက်စောင့်ပေးဖို့ ပြောထားပါသေးတယ်။

‘’မန္တလေးက ပရိသတ်တွေဆီ ကျွန်တော် မသွားဖြစ်တာလည်း ကြာပြီ။ ရန်ကုန်မှာကလည်း မနှစ်ကလုပ်လိုက်ပြီဆိုတော့ မန္တလေးမှာလည်း သွားလုပ်မယ်ပေါ့နော်။ ရှေ့ရက်တွေတုန်းက ကျွန်တော်စဉ်းစားသေးတယ်၊ မန္တလေးမှာလုပ်ရင်ကောင်းမလား၊ ရန်ကုန်မှာလုပ်ရင်ကောင်းမလားပေါ့။ ဒါပေမယ့် မန္တလေးမှာ လုပ်မယ်လို့ စီစဉ်ဖြစ်သွားတယ်။ ရန်ကုန်က ပရိသတ်တွေ တစ်နှစ်လောက်စောင့်ပေးပါခင်ဗျာ’’ ဆိုပြီးတော့ သြဂုတ်လ ၂၁ ရက်နေ့က ရေဘေးအတွက် ဘောလုံးပြိုင်ပွဲလေ့ကျင့်ရေးမှာ ဖြေဆိုခဲ့တာပါ။

မန္တလေးမှာလုပ်မယ့် ဖျော်ဖြေပွဲကတော့ ထူးခြားမှုတွေရှိလာဦးမယ်လို့ G Fatt က ပြောပါတယ်။ ရန်ကုန်မှာ လုပ်ခဲ့တဲ့ ပွဲနဲ့ မတူတဲ့ ရသမျိုးကို မန္တလေးက ပရိသတ်တွေ ခံစားရမှာပါလို့ ဆိုပါတယ်။

‘’ သီချင်းအသစ်တွေ ဆိုပြဖို့လည်းပါတယ်။ မန္တလေးကကျတော့ ရန်ကုန်နဲ့ မတူတဲ့ Type တစ်ခုကို သွားမှာဖြစ်တယ်။ အထာလေး နည်းနည်းချိန်းမယ်။ အခုတော့ ပြောဖို့ စောနေပါသေးတယ်။ ပွဲအတွက်ကတော့ လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းက ကျွန်တော်တို့ ပြင်ဆင်ပြီးသား။ ရန်ကုန်မှာပဲ လုပ်ဖြစ်လုပ်ဖြစ်၊ မန္တလေးမှာပဲ လုပ်ဖြစ်လုပ်ဖြစ် ဘယ်လိုပုံစံလုပ်မယ်ဆိုတာကို အစီအစဉ်ဆွဲထားပြီးသားပါ။

Photo : G Fatt

G Fatt ဟာ သူ့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း Surprise လုပ်တတ်သူတစ် ယောက်ပါ။သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။



Share

Loading Next Article...
က္က