ဒေါ်လာ သန်းနဲ့ချီ ခိုးထုတ်သွားကြဖို့ရှိပါတယ်။

အမေရိကန်ဖက်ဒရယ်ဗြူရို စုံးစမ်းစစ်ဆေးရေးအဖွဲ့အစည်းကတော့ လာမယ့် ရက်အနည်းငယ်အတွင်း ATM ငွေထုတ်စက်တွေ ဆိုက်ဘာတိုက်ခိုက်မှု နဲ့ကြုံရဖို့ရှိတယ်လို့သတိပေးလိုက်ပါတယ်။

fbi-seal.jpg

Photo: independent

 

နိုင်ငံတကာ ဘဏ်တွေကို အသိပေးရာမှာတော့ ရာဇဝတ်မှု ကျူးလွန်မယ့် ဟက်ကာတွေဟာ global malware attack လို့ခေါ်နိုင်တဲ့ တစ်ကမ္ဘာလုံးက ATM တွေကို တိုက်ခိုက်ဖို့malware တစ်ခုကို လျှို့ဝှက် စီစဉ်ထားကြတယ်လို့ဆိုပါတယ်။ ATM cashout လို ခေါ်တဲ့ နာရီပိုင်းအတွင်း နေရာမျိုးစုံကနေ မူလ အကောင့်ပိုင်ရှင်တွေထဲက ဒေါ်လာ သန်းနဲ့ချီတဲ့ ငွေတွေကို ထုတ်သွားမယ့် အစီအစဉ်ပါ။

ဒီအစီအစဉ်ဟာ ပုံတူပွားထားတဲ့ ကဒ်တွေ နဲ့အတူ ငွေထုတ်လို့ရအောင် ဘဏ်သို့မဟုတ် payment စနစ်ရဲ့ processor ကို ဟက်ခ် တာမျိုးတွေ ပါဝင်မယ်လို့ဆိုပါတယ်။

"FBI အနေနဲ့ရက်ပိုင်းအတွင်း တစ်ကမ္ဘာလုံးက ATM စက်တွေထဲကနေ ဆိုက်ဘာရာဇဝတ်သားတွေ ငွေထုတ်မယ်ဆိုတဲ့ သတင်းရထားပါတယ်။ ဒီအစီအစဉ်ဟာ အမည်မသိရတဲ့ ကဒ်ထုတ်သူတွေနဲ့ဆက်စပ်နေလို့Unlimited Operation လို့အကြမ်းဖျဉ်းအမည်ပေးထားပါတယ်" လို့FBI မှ ဘဏ်တွေကို ပေးပို့ထားတဲ့ အကြောင်းကြားစာ ရထားတဲ့ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူ ဘရိုင်ယန် ကရက်ဘ်စ်က ဆိုပါတယ်။

ယခုနှစ်ဆန်းပိုင်းကလည်း ဟက်ကာတစ်ဖွဲ့ဟာ အမေရိကန်မှ ငွေထုတ်စက်တွေထဲကနေ ဒေါ်လာာ ၁ သန်းကျော် ခိုးထုတ်ခဲ့ပါတယ်။ ဒါ့အပြင် အလားတူ တိုက်ခိုက်မှုမျိုးကိုလည်း အမေရိကန်မှ ရာနဲ့ချီတဲ့ ATM စက်တွေ အဖောက်ခံရပြီး Blacksbug အမျိုးသားဘဏ်ကနေ ဒေါ်လာ ၂.၄ သန်း အခိုးခံခံရပါတယ်။

Photo: Infowars

 

အာဆီယံနိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ ထိုင်းမှာလည်း ၂၀၁၆ ခုနှစ်က အစိုးရငွေစုဘဏ်ထဲက ဒေါ်လာ ၃ သိန်း ၆ သောင်းကို ATM စက်ကနေ တစ်ဆင့် ခိုးယူခံခဲ့ရပါတယ်။ ATM စက်တွေကနေ ငွေခိုးထုတ်မှုဟာ ဘဏ်စာရင်းပိတ်တဲ့ သီတင်းပတ်အကုန် ရက်တွေမှာ ရွေးပြီး တိုက်ခိုက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

 

Share

Loading Next Article...
က္က