နယူးဇီလန်လို့ပြောလိုက်တာနဲ့ အသက်ရှုမှားလောက်တဲ့ တောင်တွေ၊ ကျယ်ပြန့်တဲ့ ရေကန်တွေ၊ အံ့အားသင့်ရအောင် လှပတဲ့ ကမ်းရိုးတန်းတွေကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။

နယူးဇီလန်လို့ပြောလိုက်တာနဲ့ အသက်ရှုမှားလောက်တဲ့ တောင်တွေ၊ ကျယ်ပြန့်တဲ့ ရေကန်တွေ၊ အံ့အားသင့်ရအောင် လှပတဲ့ ကမ်းရိုးတန်းတွေကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ စာဖတ်ပရိတ်သတ်တွေထဲမှာ နယူဇီးလန်နိုင်ငံကို အပန်းဖြေခရီးသွားဖို့ စီစဉ်ထားတယ်ဆိုရင်တော့ အခုဖော်ပြမယ့် နယူးဇီလန်နိုင်ငံရဲ့ နေရာတွေကို သွားရောက်လည်ပတ်ခဲ့ဖို့ တိုက်တွန်းပါရစေ။ မလည်ဖြစ်သေးတဲ့သူတွေအတွက်လည်း ဗဟုသုတရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) Mermaid Pool

Matapouri Bay မှာ တည်ရှိတဲ့ Mermaid Pool ကို သွားလည်ရင် ဒဏ္ဍာရီလာ ရေသူမလေးတွေကို တွေ့ချင်ရင်တော့ တွေ့နိုင်မှာမဟုတ်ပေမယ့် ပင်လယ်ကြီးရဲ့ အလှကို တွေ့နိုင်မှာပါ။ Mermaid Pool ရဲ့ ရေအောက်ကြမ်းပြင်က Dive လုပ်ဖို့ လုံလောက်တဲ့ အနက်ရှိတာကြောင့် Diving ဝါသနာပါသူတွေအတွက်တော့ နိဗ္ဗာန်ဘုံပါပဲ။အောက်မှာ ဖော်ပြထားတဲ့ Mermaid Pool ပုံကို ကြည့်ရင်းနဲ့ ချက်ချင်း ရေထဲခုန်ချချင်လာရင်တော့ မတတ်နိုင်ပါဘူး။

(၂) Mount Cook

နယူးဇီလန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Mount Cook ဟာ ပင်လယ်ရေမျက်နှာပြင်အထက် 12,349 ft အမြင့်မှာ ရှိပါတယ်။တောင်ပတ်ပတ်လည်က အခိုးအငွေ့တွေက Dramatic Scene တစ်ခုလိုခံစားရစေပြီး  တောင်ခြေရင်းမှာ ကွေ့ကွေ့ကောက်ကောက် စီးဆင်းနေတဲ့ Hooker River ရဲ့ ရှုခင်းကတော့ အသက်ရှုမှားစရာပါ။ Landscape Photographer တွေ အနှစ်သက်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ South Island မှာ တည်ရှိပြီး Tasman Lake နဲ့ နီးပါတယ်။

(၃) Wanaka

တောင်တွေပတ်ပတ်လည် ဝန်းရံနေတဲ့ ရေကန်ကျယ်ကြီး တည်ရှိနေတဲ့ Wanaka ကလည်း လည်ပတ်မယ့် စာရင်းထဲ ထည့်ထားသင့်တဲ့ နေရာတစ်ခုပါ။ Mount Cook တည်ရှိတဲ့ South Island မှာ တည်ရှိတဲ့ ပြည်နယ်တစ်ခုပါ။လူသူထူထပ်မှုမရှိဘဲ အေးဆေးဆေး ဓာတ်ပုံရိုက်ချင်သူတွေ အတွက်တော့ အကောင်းဆုံးနေရာပါ။ Ski လည်း စီးလို့ရပါတယ်။

(၄) Whangarie Falls

ဒီရေတံခွန်က Instragrammer တွေအကြိုက် Photo Spot တစ်ခုပါ။ အဲဒီရေတံခွန်ကို နေထွက်ချိန်ရောက်သွားခဲ့မယ်ဆိုရင် ရေတံခွန်နဲ့ နေရောင် တိုက်ရိုက်ထိတွေ့မှုကြောင့် ဖြစ်လာတဲ့ သက်တန့်ကြီးကိုပါ ကြည့်နိုင်ဦးမှာပါ။ စွန့်စားရတာကိုကြိုက်တဲ့ ခရီးသွားတွေအတွက်လည်း ရေတံခွန်ထိပ်ကို တက်ကြည့်လို့ရတဲ့ လမ်းကြောင်းလည်း ရှိပါတယ်။

ခရီးသွားရတာ ဝါသနာထုံသူတွေအတွက် တခြားနိုင်ငံက စိတ်ဝင်စားစရာနေရာတွေကို ထပ်မံဖော်ပြပေးသွားမှာ ဖြစ်လို့ စောင့်ပြီး ဖတ်ရှုပေးကြပါဦးနော်။

Share

Loading Next Article...
က္က