ဖေဖော်ဝါရီလ ၇ ရက်နေ့ဆိုရင် ဝယ်ယူရရှိနိုင်ပါပြီ။

ဘိုဖြူနဲ့ မီမီဝင်းဖေတို့ သီဆိုထားတဲ့ သီချင်းအခွေ ၃ ခွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မူရင်း Stick နဲ့ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Stick နဲ့ဖြန့်ချိရတဲ့ ရည်ရွယ်ချက်ကိုလည်း မီမီဝင်းဖေက ပြောပြခဲ့ပါသေးတယ်။

Photo: မီမီဝင်းဖေ

အဆိုတော် ဘိုဖြူူနဲ့ အဆိုတော် မီမီဝင်းဖေတို့ရဲ့ စုံတွဲအခွေတစ်ခွေ၊ တစ်ကိုယ်တော်အခွေ ၂ ခွေတို့ကို ပေါင်းပြီး Stick နဲ့ ထုတ်လုပ်ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Music အခွေကို Stick နဲ့ ပရိသတ်ဆီ အရောက်ပို့ပေးတာဟာ ဂီတလောကမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

‘’မူရင်းခွေကို အားပေးကြပါလို့ ပြောရာကနေ မူရင်းစတစ်ကိုအားပေးကြပါလို့ ထပ်တိုးပြီးတော့ ပြောပါရစေ။ မကြာမီကမှ ဖြန့်ချိထားတဲ့ ဘိုဖြူ နဲ့မီမီဝင်းဖေ တို့ရဲ့လွန်ဆန်နိုင်မလားအချစ် အလ်ဘမ်အသစ်၊ ဘိုဖြူ ရဲ့တစ်ကိုယ်တော်အလ်ဘမ်သစ် နံနက်ခင်းသစ် နဲ့ မီမီဝင်းဖေ ရဲ့ ပန်ဆင်မယ်ဆို တစ်ကိုယ်တော်အလ်ဘမ် စုစုပေါင်း အလ်ဘမ် သုံးခုပါဝင်တဲ့ stick ကို စနစ်တကျ ထုတ်လုပ်ရောင်းချပေးနေပါပြီ’’ လို့ ဆိုပါတယ်။

Photo: မီမီဝင်းဖေ

ခေတ်ကာလအရ CD အခွေတွေနဲ့ နားထောင်တာထက် Stick နဲ့ နားထောင်တာ ပိုများတယ်လို့ မီမီဝင်းဖေက ပြောပါတယ်။ ဒါကြောင့်လည်း Stick နဲ့ ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီ ၁၇ မိနစ်က မီမီဝင်းဖေ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

‘’ခေတ်နဲ့အညီ သီချင်းများကို stick နဲ့ ဖွင့်လာကြချိန်မှာ အားလုံးအဆင်ပြေစေရန် ထုတ်လုပ်ရောင်းချရခြင်း ဖြစ်ပါတယ်။ ခုပထမဆုံး စီစဉ်ဖြစ်တဲ့ stick မှာ အလ်ဘမ် သုံးခုတည်း သွင်းပေးထားပါတယ်။ မူရင်းစတစ်ကို အားပေးကြပါနော်။ ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: မီမီဝင်းဖေ

အဆိုတော်ဘိုဖြူနဲ့ အဆိုတော် မီမီဝင်းဖေတို့ရဲ့ အခွေ သုံးခွေစာ ထည့်သွင်းပေးထားတဲ့ Stick ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က စပြီး ပရိသတ်တွေဆီဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။ ဝယ်ယူရရှိနိုင်မယ့် နေရာတွေကတော့ အတိအကျပြောပြထားတာ မရှိသေးပါဘူး။

အဆိုတော် မီမီဝင်းဖေဟာ ဂီတသက်တမ်း နှစ်(၃၀)ကျော်ပြီဖြစ်ပါတယ်။ အခုအချိန်ထိ ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားနိုင်တဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ မီမီဝင်းဖေဟာ ဂီတအလုပ်တွေထက် သူ့ရဲ့ မိဘတွေကို အနီးကပ်ပြုစုနေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က