ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး မေသက်ခိုင်က တစ်လအတွင်း ၂၃ ပေါင် ဝိတ်ချနိုင်ခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမက လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်တာ မတွေ့ရတော့ပါဘူး။
Photo: May Thet Khine
သရုပ်ဆောင် မေသက်ခိုင်က ခန္ဓာကိုယ်ဝခဲ့တဲ့ အနေအထားကြောင့် အခုဆိုရင် ဝိတ်ချနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ တစ်လအတွင်းမှာ ၂၃ ပေါင် ချနိုင်ခဲ့တာကြောင့် အရမ်းပျော်တယ်လို့ Duwun media ကနေ ပြောပြလာပါတယ်။
‘’ဝိတ်ချတယ်ဆိုတာကလေ Facebook မှာခင်တဲ့ ဆရာတစ်ယောက်ရှိတယ်။ ဆရာကပြောပြပေးတယ် ၅၀၊ ၂၅ ၊ ၂၅ စားဖို့ပေါ့နော်။ ထမင်းတစ်ပန်းကန်မှာ အသီးအရွက်က ၅၀ရာခိုင်နှုန်း အသားက ၂၅ ရာခိုင်နှုန်း ထမင်းက၂၅ရာခိုင်နှုန်း ကိုယ်က ထမင်းအရမ်းကြိုက်တော့လေ။ စားလိုက်တာ ၁လ ခွဲလောက်နဲ့တင် ၂၃ပေါင်လောက်က ကျသွားတယ် တစ်ကယ်ဝိတ်ကျသွားတယ်ဆိုတော့ ပျော်တာပေါ့’’ ဆိုပြီးတော့ မြကျွန်းသာ လမ်းလျှောက်သင်္ကြန်မှာ ဖြေဆိုခဲ့တာပါ။
Photo: May Thet Khine
ခန္ဓာကိုယ် အနေအထား အဆင်ပြေပြေဖြစ်လာတာကြောင့် သွေးအလှူလည်း မကြာခဏလုပ်ဖြစ်တယ်လို့ မေသက်ခိုင်က ပြောပါတယ်။
‘’သူများတွေလည်းသိရအောင် မျှဝေပေးတာပါ။ စားတော့စားပေမယ့်ဝိတ်က ပြန်မတက်လာတော့ဘူး။ ပြီးတော့ သွေးကလည်း ၄ လတစ်ကြိမ်လှူနေတော့ အရမ်းကြီးပိန်သွားတာမျိူးလည် းမဖြစ်ချင်ဘူး။ ကျန်းကျန်းမာမာလေးတော့ဖြစ်ချင်တယ်’’ လို့ သူကဆိုပါတယ်။
Photo: May Thet Khine
မေသက်ခိုင်ဟာ သွေးအလှူလုပ်ရုံတင်မက ၂၀၁၆ ခုနှစ်တုန်းက သူမရဲ့ မွေးနေ့မှာလည်း ခန္ဓာကိုယ်တစ်ခုလုံုးကို ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်မှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ မကြာခဏဆိုသလို လုပ်အားပေးအနေနဲ့ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။
Photo: May Thet Khine
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်(May Thet Khine)ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။ သူမကိုတော့ ဗီဒီယိုဇာတ်ကား၊ မဂ္ဂဇင်းမျက်နှာဖုံး၊ ဂျာနယ် မျက်နှာဖုံးတွေနဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။