ကာရိုက်တာအတွက် ဝခဲ့ပြီးပြီတဲ့။

“Memories OF Tomorrow “ ရုပ်ရှင်ဇာတ်ကားအတွက် ဝဝဖြိုးဖြိုးခန္ဓာကိုယ်ရအောင် ဝိတ်တွေ တင်ခဲ့ရတဲ့ ကျော်ကျော်ဗိုက အခု တစ်လအတွင်း ဝိတ်ပြန်ချတော့မယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ကျော်ကျော်ဗိုဟာ “Memories OF Tomorrow “ ရုပ်ရှင်ဇာတ်ကားအတွက် ဝဝဖြိုးဖြိုးခန္ဓာ ကိုယ်ရအောင် ဝိတ်တွေ တင်ခဲ့ရာက အခု တစ်လအတွင်း ဝိတ်ပြန်ချတော့မယ်လို့ ဆိုပါတယ်။ ရုပ်ရှင်လည်း ပြီးသလောက် ရှိနေပြီဖြစ်တာကြောင့် ပူနေတဲ့ သူရဲ့ ဗိုက်ကို ပြန်ချပ်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုက်ပါတယ်



“ Memories Of Tomorrow “ ရုပ်ရှင်လည်းပြီးသလောက်ရှိပြီဆိုတော့အဲ့ကားထဲက Character အတွက်ကျွန်တော့်ဗိုက်ပူပေးဖို့မလိုတော့ဘူးဒီနေ့ကျွန်တော် Body weight ပြန်စချပါပြီ။( တစ်လအတွင်း )” ဆိုပြီး ဖေဖော်ဝါရီ(၁၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

စမတ်ကျတဲ့ ခန္ဓာကိုယ်အချိူးအစားကနေ ခန္ဓာကိုယ် ဝဝဖြိုးဖြိုး ဖြစ်အောင်လို့ ကြိုးစားခဲ့ရတဲ့ အပိုင်းတွေကိုလည်း ကျော်ကျော်ဗိုက အခုလို ပြောပြလာပါတယ်။

'' တွေ့သမျှ ပါးစပ်ထဲ ကောက်ထည့်၊ ကြုံသလိုစားတယ်၊ သတိရတိုင်း စားတယ်။ တော်တော်စားတယ်။ အဆီအစိမ့်တွေ စားတယ်။ ကိုယ်ကြံ့က ဒီဇာတ်ကားရိုက်ပြီးရင် ချက်ချင်း ဝိတ်ပြန်ချမှာ ။ ၃ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကားကျတော့ ဝ လို့မရတော့ဘူး။ ကိုယ့် ဘဝမှာ ဒီလိုမျိုး စိန်ခေါ်မှုလေးတွေကို ဖြတ်သန်းရတာက ပိုတန်ဖိုးရှိမယ်လို့ ထင်ပါတယ်'' လို့ ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

အခုတော့ တစ်လအတွင်း ဝိတ်ပြန်ချဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ထားပါပြီ။လက်ရှိမှာတော့ ကျော်ကျော်ဗို က ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတာ ကို တွေ့ရပါတယ်။ မကြာခင်မှာလည်း '' ပုံရိပ်'' ရုပ်ရှင် ဇာတ်ကား ကို ရိုက်ကူးတော့မှာပါ။ သူ့ရဲ့ နောက်ထပ်ဝါသနာတစ်ခု ဖြစ်တဲ့ ခရီးသွားခြင်း အကြောင်းအရာတွေကိုလည်း အစီအစဉ်အသစ် တစ်ခုအဖြစ် Free to Air ရုပ်သံလိုင်းကနေ တဆင့် တင်ဆက်ပေးနေတာဖြစ် ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က