ပြည်ပကပြန်လာသူတွေမှာ မေလလယ်က စတင်ပြီး ရောဂါပိုးတွေ့ရှိမှုက နေ့တိုင်းနီးပါးရှိနေပါတယ်။

အိန္ဒိယနိုင်ငံကပြန်လာသူ (၁၀)ဦးနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံကဝင်လာသူ (၁) ဦး စုစုပေါင်း (၁၁) ဦးမှာ ရောဂါပိုးတွေ့ရှိရတယ်လို့ ဒီနေ့ည ၈ နာရီမှာ ထုတ်ပြန်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ တစ်လနီးပါးအတွင်း ပြည်ပကပြန်လာသူ ၇၅ ဦးအထိ ရောဂါပိုးတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 ပြည်ပကပြန်လာသူတွေမှာ မေလလယ်က စတင်ပြီး ရောဂါပိုးတွေ့ရှိမှုက နေ့တိုင်းနီးပါးရှိနေပြီး မေလ ၁၆ ရက်ကနေ ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့အထိဆိုရင် အိန္ဒိယနိုင်ငံကပြန်လာသူ ၄၅ ဦး၊ မလေးရှားက ပြန်လာသူ ၁၃ ဦး၊ ယူအေအီးက ပြန်လာသူ ၈ ဦး၊ အီတလီက ပြန်လာသူ ၂ ဦး၊ တရုတ်က ပြန်လာသူ ၁ ဦး၊ ရခိုင်ပြည်နယ်နယ်စပ်တွေက တစ်ဆင့် ဘင်္ဂလားဒေ့ရှေ့်က ဝင်လာသူ ၅ ဦး၊ ထိုင်းက ပြန်လာသူ ၁ ဦးတို့မှာ ရောဂါပိုးတွေ့ရှိထားတာဖြစ်ပါတယ်။



ပြည်ပက ပြန်လာသူ ပိုးတွေ့လူနာ ၇၅ ဦးရှိတဲ့အနက် ၁၃ ဦးမှာ ရောဂါပျောက်ကင်းသွားပြီး ပျောက်ကင်းလူနာတွေကတော့ ယူအေအီးက ပြန်လာသူ ၈ ဦးစလုံးနဲ့ မလေးရှားကပြန်လာသူ ၅ ဦးတို့ဖြစ်ပါတယ်။

မေလဆန်းပိုင်းကစပြီး ပြည်ပနိုင်ငံတွေမှာ အခက်ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ပြီး ကွာရန်တင်းဝင်စေတာတွေ၊ နယ်စပ်ဂိတ်တွေကတစ်ဆင့် ပြန်လာသူတွေကို စနစ်တကျ ကျန်းမာရေးစစ်ဆေးပေးပြီး ကွာရန်တင်းဝင်စေတာတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာကြသူ ဦးရေကတော့ ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့အထိဆိုရင် ၃၅၃၄ ဦးရှိနေပြီး မူဆယ်၊မြဝတီ၊ တာချီလိတ်စတဲ့ နယ်စပ်ဂိတ်တွေကတဆင့် ပြန်ဝင်လာသူတွေကတော့ သောင်းနဲ့ချီရှိနေတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီကနေ့ ဇွန်လ ၁၁ရက်အထိဆိုရင် ပိုးတွေ့လူနာ ၂၆၀ ဦးရှိတဲ့အနက် ရောဂါပိုးပြန်လည်ကင်းစင်သွားသူ ၁၆၅ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိနေတယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က