သားလေးရဲ့ ပြောင်းလဲမှုလေးတွေ ကြည့်ပြီး ချစ်မဝ ဖြစ်လို့နေပါတယ်။

နန်းမြတ်ဖြိုးသင်းရဲ့ သားလေး Jack Jack က တစ်လသားအရွယ်လေးကို ရောက်လာပါပြီ။ သားသားလေးကို ၂၀၁၉ ခုနှစ် ၊ ဧပြီ(၁၂) ရက်နေ့က ဂရန်းဟံသာဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း



သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက သားလေးရဲ့ ပြောင်းလဲမှုလေးတွေကို ကြည့်ပြီး ချစ်မဝ ဖြစ်လို့နေပါတယ်။ နန်းမြတ်ဖြိုးသင်းရဲ့ သားလေး Jack Jack က မေလ(၁၂) ရက်နေ့မှာ တစ်လပြည့်သွားခဲ့ပါပြီ။ နန်းမြတ်ကလည်း သားလေးရဲ့ (၁)လအတွင်း ပြောင်းလဲမှုလေးတွေကို မှတ်တမ်းတင်ပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေ့ရပါတယ်။

သားသားလေး ၁ လပြည့်ပြီ မိခင်နို့တမျိုးပဲတိုက်ပေမယ့် ၁လအတွင်း ၄ပေါင်နီးနီးတက်တဲ့ မေမေ့သားလေး ၁ လအတွင်းပြောင်းလဲမှုလေးတွေမှတ်တမ်းတင်ထားမယ်နော်” ဆိုပြီး မေလ(၁၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း

လက်ရှိမှာ နန်းမြတ်က သားလေးကို အနီးကပ် စောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။  နန်းမြတ်က သားလေးကို ချစ်စနိုးနဲ့ Jack Jack ဆိုပြီး နာမည်ပေးထားပါသေးတယ်။ အနုပညာအလုပ်တွေ ခဏရပ်နားထားတဲ့ နန်းမြတ်ဖြိုးသင်းက ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဖြစ်နေသလို ကျန်းမာရေးကောင်းမွန်အောင် နေထိုင်နေတယ်လို့ ဆိုပါတယ်။ သားဦးလေးမွေးပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့လည်း ဇန်နဝါရီ(၁) ရက်နေ့ ပြုလုပ်တဲ့ ပိုင်ဖြိုးသုရဲ့ မင်္ဂလာပွဲမှာ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : နန်းမြတ်ဖြိုးသင်း

နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က