နည်းပြ ၃ ဦးအထိ ဆုရရှိဖို့ ရေပန်းစားနေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီလထဲမှာ ခက်ခဲတဲ့ အဝေးကွင်း ၃ ပွဲကစားခဲ့ရပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့(ယင်းအချိန်က) လီဗာပူးအသင်းနဲ့လည်း တွေ့ဆုံယှဉ်ပြိုင်ခဲ့ရပါတယ်။

ဆိုးလ်ရှားရဲ့မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းကို ၁-ဝ၊ ဖူလ်ဟမ် ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရတဲ့ပွဲစဉ်မှာတော့ ဂိုးမရှိသရေကျခဲ့ပြီး ဆိုးလ်ရှားဟာ ယင်းပွဲမတိုင်မီရော၊ ပွဲပြီးမှာပါ ကစားသမားအများအပြား ဒဏ်ရာရရှိမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

အန်သိုနီမာရှယ်နဲ့ မာတစ်တို့ဟာ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိဘဲ ဂျက်ဆီလင်ဂတ်ကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ပြန်လည်ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ မန်ယူအသင်းဟာ လီဗာပူးအသင်းနဲ့ပွဲစဉ် ပထမပိုင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ ကစားသမား ၃ ဦးအထိ ရှိခဲ့ပြီး လင်ဂတ်ကတော့ ဂိုးသွင်းဖို့ ကြိုးပမ်းရင်းနဲ့ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ဖေဖော်ဝါရီမှတ်တမ်း

လက်စတာစီးတီး ဝ-၁ မန်ချက်စတာယူနိုက်တက်

ဖူလ်ဟမ် ဝ-၃ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ဝ-၀ လီဗာပူး

ခရစ်စတယ်ပဲလေ့စ် ၁-၃ မန်ချက်စတာယူနိုက်တက်

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလရဲ့ တစ်လတာအကောင်းဆုံး နည်းပြဆုကို ရရှိခဲ့သူဖြစ်ပြီး လာမယ့် မတ်လ ၁၀ ရက်နေ့မှာ အာဆင်နယ်အသင်းရဲ့အိမ်ကွင်းအမ်းမရိတ်ကို သွားရောက်ယှဉ်ပြိုင်ရမှာပါ။ ဖေဖော်ဝါရီလရဲ့ တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ အခြားနည်းပြ ၂ ဦးကတော့ အာဆင်နယ်နည်းပြ အမ်မရီနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာတို့ဖြစ်ပါတယ်။

အမ်မရီရဲ့ ဖေဖော်ဝါရီမှတ်တမ်း

မန်စီးတီး ၃-၁ အာဆင်နယ်

ဟက်ဒါစ်ဖီးလ် ၁-၂ အာဆင်နယ်

အာဆင်နယ် ၂-၀ ဆောက်သမ်တန်

အာဆင်နယ် ၅-၁ ဘုန်းမောက်

ဂွါဒီယိုလာရဲ့ ဖေဖော်ဝါရီမှတ်တမ်း

မန်စီးတီး ၃-၁ အာဆင်နယ်

အဲဗာတန် ဝ-၂ မန်စီးတီး

မန်စီးတီး ၆-၀ ချယ်ဆီး

မန်စီးတီး ၁-၀ ဝက်စ်ဟမ်း

Share

Loading Next Article...
က္က