စက်တင်ဘာလ ၆ ရက်နေ့ကမှ ထွက်ရှိခဲ့တဲ့ NBA 2K20 ဂိမ်းဟာ ရောင်းချချိန် တစ်လကျော်ကာလလေးမှာတင် ၂၀၁၉ ခုနှစ်ရဲ့ အရောင်းရဆုံးဗီဒီယိုဂိမ်းစံချိန်ကို ချိုးသွားခဲ့ပါတယ်။

  စက်တင်ဘာလ ၆ ရက်နေ့ကမှ ထွက်ရှိခဲ့တဲ့ NBA 2K20 ဂိမ်းဟာ ရောင်းချချိန် တစ်လကျော်ကာလလေးမှာတင် ၂၀၁၉ ခုနှစ်ရဲ့ အရောင်းရဆုံးဗီဒီယိုဂိမ်းစံချိန်ကို ချိုးသွားခဲ့ပါတယ်။

ဒီဂိမ်းဟာ အမေရိကန်နိုင်ငံက အမျိုးသားဘက်စကတ်ဘောလိဂ် NBA ကိုအခြေခံထားတဲ့ အားကစားဂိမ်း အမျိုးအစားပါ။ ထုတ်လုပ်သူက Visual Concepts Entertainment ဖြစ်ပြီး ဖြန့်ချိရေးတာဝန်ယူထားတာကတော့ 2K Sports ပဲဖြစ်ပါတယ်။




         NBA 2K20 ဟာ ၂၀၁၉ ခုနှစ်ရဲ့ အရောင်းရဆုံးဂိမ်းဖြစ်တယ်ဆိုတာကို အတည်ပြုပြောကြားခဲ့တာကတော့ ဈေးကွက်လေ့လာရေးအဖွဲ့အစည်းဖြစ်တဲ့ NDP Group ကပဲဖြစ်ပါတယ်။ ယခင် ၂၀၁၉ ခုနှစ်ရဲ့ အရောင်းရဆုံးဂိမ်းဟာ Mortal Kombat 11 ဖြစ်ပြီး NBA 2K20 ထွက်ရှိလာတဲ့အခါမှာတော့ ထိုနေရာကိုဖယ်ပေးခဲ့ရပါတယ်။


NBA 2K20 ဟာ ၂၀၁၉ ခုနှစ်ရဲ့ အရောင်းရဆုံးဗီဒီယိုစံချိန်တင်သာမကဘဲ တစ်လအတွင်းအရောင်းရဆုံး အာကစားဗီဒီယိုဂိမ်းစံချိန်ကိုလည်း ချိုးဖျက်သွားခဲ့ပါသေးတယ်။ ထိုစံချိန်ပိုင်ရှင်ကတော့ မနှစ်ကမှထွက်ရှိထားတဲ့ NBA 2K19 ဖြစ်တာကြောင့် ကိုယ့်ဂိမ်းစံချိန်ကို ကိုယ့်ဘာသာချိုးဖျက်ခဲ့တယ်လို့ ဆိုရမှာပါ။

         NBA 2K ဂိမ်းစီးရီးဟာ လက်ရှိအချိန်မှာ တစ်သက်တာအရောင်းရဆုံး ဂိမ်းစီးရီးရဲ့ နံပါတ် ၆ နေရာကို Guitar Hero ဂိမ်းစီးရီးအားကျော်တက်ပြီး ရောက်ရှိလို့လာခဲ့ပါပြီ။ NBA 2K20 ကို ဝေဖန်ရေးတွေကကြိုက်နှစ်သက်ခဲ့ပေမယ့် ပရိသတ်တွေကတော့ တော်တော်လေးမနှစ်မြို့တာကြောင့် Steam က User Rating မှာ Overwhelmingly Negative ဖြစ်တဲ့အထိပါပဲ။


Steam ဂိမ်းတွေရဲ့ User Review တွေကိုကြည့်ပြီး ဂိမ်းတွေကို အကောင်းအညံ့ခွဲခြားပေးတဲ့ Steam250 Website အရ NBA 2K20 ဟာ Steam ရဲ့ဒုတိယမြောက် အညံ့ဆုံးဂိမ်းဖြစ်ခဲ့ပါတယ်။ အကဲဖြတ်သူတွေက မနှစ်သက်ဘူးဆိုပေမယ့် ရောင်းရငွေကတော့ စံချိန်တင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ရဲ့ အရောင်းရဆုံးဂိမ်းအဖြစ်ကို ၁ လကျော်တည်းနဲ့ရောက်ရှိခဲ့ပါတယ်။

         NDP Group ရဲ့ပြောကြားချက်အရ စက်တင်ဘာလဟာ အားကစားဗီဒီယိုဂိမ်းတွေအတွက် တော်တော်လေး အခြေအနေကောင်းခဲ့တဲ့ လဖြစ်ပြီး EA Games ကထုတ်တဲ့ FIFA 20, Madden 20 နဲ့ NHL 20 တို့ဟာလည်း တစ်လတာ အရောင်းရဆုံးဂိမ်း ၁၀ မျိုးစာရင်းထဲကို ဝင်ခဲ့ပါတယ်။ 2K Sports ကဖြန့်ချိတဲ့ NBA 2K20 ကိုတော့ လက်ရှိ PC, PS4, XBOX ONE နဲ့ Nintendo Switch တို့ပေါ်မှာ ကစားနိုင်ပါပြီ။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က