အချိန်လျော့ပြီး ပြင်ဆင်သတ်မှတ်လိုက်တာပါ။

COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်းမှာ ရောဂါထိန်းချုပ်ကာကွယ်တားဆီးရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့အသီးသီးက ည (၁၀)နာရီကနေ မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ရက်က ညွှန်ကြားထုတ်ပြန်ခဲ့ပါတယ်။ 

ယခုအခါမှာအဆိုပါ ညမထွက်ရ အမိန့်ကို ည(၁၂)မှ မနက်(၄)နာရီထိ အချိန်ပြောင်းလဲသတ်မှတ်လိုက်ပြီး ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပြင်ဆင်သတ်မှတ်တာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက Duwun ကိုပြောပါတယ်။



“ ညမထွက်ရအမိန့်ပြင်ဆင်သတ်မှတ်တာက အတိုင်ပင်ခံပြောတဲ့သဘောအရဆို တစ်နိုင်ငံလုံးပြောင်းလဲသတ်မှတ်တာပါ။ ပထမထုတ်ပြန်ချက်တုန်းကလည်း တစ်နိုင်ငံလုံးအနေနဲ့ ထုတ်ပြန်ခဲ့တာဆိုတော့လေ။ အခုအချိန်ပြောင်းလသြတ်မှတ်လိုက်တဲ့ အမိန့်ကမေလ(၁၆)ရက်နေ့စပြီး အကျုံးဝင်မှာပါ။သူ့သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် ထုတ်ပြန်ပါလိမ့်မယ်” လို့ ဦးအောင်လှိုင်ဝင်းကပြောပါတယ်။ 

မေလ(၁၆)ရက်နေ့ကစပြီး ရန်ကုန်မှာလည်း အရက်ဆိုင်၊နိုက်ကလပ်နဲ့ ဘားတွေကလွဲပြီး လက်ဖက်ရည်ဆိုင်လိုမျိုး ထိုင်စားလို့ရနိုင်တဲ့ စားသောက်ဆိုင်တွေကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပေးတော့မှာဖြစ်ပါတယ်။ 

ဆိုင်တွေပြန်ဖွင့်တဲ့အခါမှာလည်း သတ်မှတ်ချက်တွေနဲ့အညီဖွင့်လှစ်ခိုင်းမှာဖြစ်ပြီး လိုက်နာမှုမရှိပါက အရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မန္တလေးမှာဆိုရင်လည်း COVID 19နဲ့ ပတ်သက်ပြီး ချမှတ်ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တဖြေးဖြေး ဖြေလျော့ပေးသွားမယ်လို့လည်း သိရပါတယ်။ 






ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က