လက်ရှိကွာရန်တင်းစင်တာတွေမှာ လူဦးရေ ရာကျော်သာရှိသေးတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း တပ်မတော်ဘက်မှ ပြင်ဆင်ဆောင်ရွက်ပေးထားတဲ့ ကွာရန်တင်း စင်တာ (၁၆)ခုရှိပြီး လူဦးရေ (၉၀၀၀)နီးပါးအထိ ထားရှိနိုက်အောင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်၊နေပြည်တော်၊မော်လမြိုင်၊ ကျိုင်းတုံ၊ လားရှိုး၊ကော့သောင်း ၊ရွှေညောင် စတဲ့မြို့တွေအပါအဝင် ကွာရန်တင်းနေရာ (၁၆)နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိထားတာဖြစ်ပါတယ်။

“Quarantine စင်တာ တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာ တပ်မတော်သားနှင့် တပ်မတော်သား မိသားဝင်တွေ မပါ ပဲ နဲ့ တစ်နိုင်ငံ လုံးမှာ ၁၆ ခု ဆောင်ရွက်ထားတယ်။ ဥပမာ ရန်ကုန်မှာ ဆိုရင် ဒါ အရပ်သား တစ်ထောင်နီးပါး လက်ခံ နိုင်အောင် ဆောင်ရွက်တယ်။ နေပြည်တော်မှာ ဆိုရင် ၇ ထောင် နီးပါး လက်ခံ နိုင်အောင် ဆောင်ရွက်ထားတယ်။ မော်လမြိုင်မှာဆိုရင် ၇၀၀ နီးပါး လက်ခံနိုင်အောင် ဆောင်ရွက်ထားတယ်။ အဲ့လိုပဲ ကျွန်တော်တို့က ကျိုင်းတုံတို့ ၊ ပြီးရင် လားရှိုးတို့ကနေ စပြီး ကော့သောင်းထိ ဆောင်ရွက်နိုင်အောင် လုပ်ထားတယ်။ လူဦးရေ စုစုပေါင်း ၈ ထောင်ကျော် ၉ ထောင် နီးပါးလောက် လက်ခံနိုင်အောင် ဆောင်ရွက်ထားတယ်”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်က ပြင်ဆင်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာဆိုရင်ပြည်နယ် တိုင်းဒေသကြီး အစိုးရ အဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ကြီးဌာန က လွှတ်ပေးတဲ့ သူတွေကို လက်ခံထားရှိပေးလျှက်ရှိတယ်လို့ သိရပါတယ်။ ကွာရန်တင်းစင်တာတစ်ခုမှာ လူဦးရေ ထောင်ဂဏန်းနီးပါး ထောင်ကျော်နေထိုင်နိုင်အောင် ပြင်ဆင်ထားပေမယ့် လက်ရှိအချိန်ထိ ကွာရန်တင်းဝင်နေသူက ရာဂဏန်းလောက်ရှိတယ်လို့ သိရပါတယ်။

“ရန်ကုန်က ကွာရန်တင်းစင်တာမှာဆိုလည်း လက်ရှိ(၂၀၀)ကျော်ပဲရှိတယ်။နေပြည်တော်မှာဆို (၇၀၀၀)နီးပါး လက်ခံနိုင်အောင်ဆောင်ရွက်ထားပေမယ့်လည်း (၂၀၀)ကျော်ပဲရှိတယ်။ရွှေညောင်မှာတော့ (၉၀)ကျော်လက်ခံထားပါတယ်။ ကျွန်တော်တို့ဆီကတော့ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တွေက လွှတ်လိုက်တဲ့သူအားလုံးကို လက်ခံဆောင်ရွက်ပေးနေတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်တို့က ကွာရန်တင်းစင်တာမှာဆိုရင် ထိုင်းနိုင်ငံနဲ့ တရုတ် နိုင်ငံ ကပြန်လာတဲ့ သူတွေအပါအဝင် တခြားနယ်စပ်နိုင်ငံ က ပြန်လာတဲ့ သူတွေကို အများဆုံးထားရှိရတယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်က အခုလို ကွာရန်တင်းစက်တာတွေကိုဆောင်ရွက်ပေးတဲ့အခါမှာ တပ်မတော် အနေနဲ့ Quarantine စင်တာ မှာ ဆေးစစ်တာအပါအဝင် ကျွေးတာမွေး တာတွေ က အစ တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိနေတာဖြစ်ပါတယ်။





Share

Loading Next Article...
က္က