ရှက်ဖီးလ်ယူနိုက်တက်နဲ့လီဗာပူးအသင်းတို့ဟာ ဒီကနေ့ညနေ ၆နာရီမှာ ကစားကြမှာပါ။

လီဗာပူးအနေနဲ့ လက်ရှိအချိန်အထိအမှားအယွင်းမရှိသေးပါဘူး။ ရှက်ဖီးလ်ယူနိုက်တက်အသင်းကလည်းတန်း တက်အသင်းတစ်သင်းဖြစ်ပေမယ့် ပြိုင်ဘက်တွေဆီကနေ အမှတ်ခွဲ ယူထားနိုင်ခဲ့တဲ့အသင်းတစ်သင်းဖြစ်နေပါ တယ်။ အထူးသဖြင့် ချဲလ်ဆီးကိုသရေ၊ အဲဗာတန်ကို အနိုင်ကစားထားတဲ့ ရှက်ဖီးလ်ယူနိုက်တက်ရဲ့အိမ်ကွင်းေ ခြစွမ်းက လီဗာပူးအတွက် အတားအဆီးတစ်ခုဖြစ်လာမှာတော့အသေအချာပါပဲ။ လီဗာပူးအနေနဲ့ကလည်း ရာ နှုန်းပြည့်နိုင်ပွဲရရှိထားတယ်ဆိုပေမယ့် ကစားပြီးတဲ့ပရီးမီးယားလိဂ်အဝေးကွင်း ၃ပွဲမှာ သွင်းဂိုး ၂ဂိုးပဲရတဲ့ပွဲက ၂ ပွဲအထိရှိနေတော့ အဝေးကွင်းဆိုရင် ဂိုးရဖို့ ရုန်းကန်ရလေ့ရှိနေခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ကလည်းအိမ် ကွင်းဆိုရင် ပိုပြီးကောင်းတတ်တဲ့အတွက် အပြန်အ လှန်သွင်းဂိုးတွေနဲ့ ပရိသတ်အကြိုက်ပွဲစဉ်တစ်ပွဲဖြစ်လာမ လားဆိုတာကတော့ စိတ်ဝင်စားစရာပါ . . .။

ရှက်ဖီးလ်ယူနိုက်တက် Vs လီဗာပူး

ထိပ်တိုက်တွေ့ဆုံမှု

လီဗာပူး ၄-၀ ရှက်ဖီးလ်ယူနိုက်တက်

ရှက်ဖီးလ်ယူနိုက်တက် ၁-၁ လီဗာပူး

လီဗာပူး ၁-၂ ရှက်ဖီးလ်ယူနိုက်တက်

ရှက်ဖီးလ်ယူနိုက်တက် ဝ-၀ လီဗာပူး

ရှက်ဖီးလ်ယူနိုက်တက် ၁-၀ လီဗာပူး


ရှက်ဖီးလ်ယူနိုက်အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

အဲဗာတန် ဝ-၂ ရှက်ဖီးလ်ယူနိုက်တက်

ရှက်ဖီးလ်ယူနိုက်တက် ဝ-၁ ဆောက်သမ်တန်

ချဲလ်ဆီး ၂-၂ ရှက်ဖီးလ်ယူနိုက်တက်


လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ပွဲရလဒ်

ချဲလ်ဆီး ၁-၂ လီဗာပူး

လီဗာပူး ၃-၁ နယူးကာဆယ်

ဘန်လေ ဝ-၃ လီဗာပူး



နှစ်ဖက်အသင်းသတင်းများ

  • ရှက်ဖီးလ်အသင်းတွင် ဘီလီရှက်ပ် ပွဲပယ်ပြစ်ဒဏ်ရှိနေခဲ့ပေမယ့် အဓိက,ကစားသမားအားလုံးဒဏ်ရာ ကင်းစင်လျက်ရှိ။
  • နဘီကီတာ၊ အယ်လီဆန်တို့ပါဝင်လာနိုင်ခြင်းမရှိသေးသော်လည်း လီဗာပူးရဲ့အရံကစားသမားစာရင်း တွင် မာနေးလ် ပါဝင်လာဖွယ်နိုင်။
  • ၃-၅-၂ ကစားကွက်ကိုအသုံးပြုလာဖို့ရှိနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်အနေနဲ့ လောင်းစတက်ဒ်၊ ကော် လန်ဝီလ်ဆန်၊ အန်ဒါစတီဗင်တို့ကိုအသုံးပြုဖို့ရှိနေ။
  • လာမယ့်ပွဲမှာ မန်ယူနိုက်တက်ကိုရင်ဆိုင်ရဖို့ရှိနေတဲ့ လီဗာပူးအနေနဲ့ ပွဲကြပ်ကာလတစ်ခုဖြစ်သန်းရှိနေ ခဲ့။

ပွဲကြိုအချက်အလက်

  • အစဉ်အလာအရ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉၆ပွဲမှာ ရှက်ဖီးလ်ယူနိုက်တက် ၃၁ပွဲနိုင် ပွဲ၂၀သရေကျ ထားပြီး လီဗာပူးက ၄၅ပွဲနိုင်ထား။
  • ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲကစားထားပြီးရာတွင် ၂ပွဲနိုင် ၁ပွဲသရေ ၃ပွဲရှုံးထားတဲ့ ရှက်ဖီးလ်ယူနိုက်တက်အေ နနဲ့ ၇ဂိုးသွင်း၊ ၆ဂိုးပြန်ပေးထားရ။
  • လီဗာပူးအသင်းအနေနဲ့ ရှက်ဖီးလ်ယူနိုက်တက်ကွင်းကို သွားကစားခဲ့တဲ့ နောက်ဆုံး၃ပွဲလုံးနိုင်ပွဲရရှိထား  ခြင်းမရှိဘဲ ၂ပွဲသရေ ၁ပွဲရှုံးနိမ့်ထားခဲ့။
  • ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲတွင် လီဗာပူးအနေနဲ့ ချန်ပီယံလိဂ်တွင် နာပိုလီတစ်သင်းတည်းကိုသာအရေးနိမ့် ထားခဲ့ပြီး ၅ပွဲအထိအနိုင်ထား။

ဖြစ်နိုင်ဖွယ်လူစာရင်း

ဒဏ်ရာရ/ပွဲပယ်


ရှက်ဖီးလ်ယူနိုက်တက်    - မက်ဒ်ဂိုးလ်ရစ်ခ်၊ ဘီလီရှက်ပ်(ပွဲပယ်)။

လီဗာပူး                    - အယ်လီဆန်၊ အိုရီဂီ၊ ကလိုင်း၊ မီလ်နာ၊ ရှာကွီရီ၊ မာနေးလ် (ကြံ့ခိုင်မှုမပြည့်ဝ)

မာ့ခ်လော်ရန်ဆန်ရဲ့ သုံးသပ်ချက်

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်ဇယားရေးဆွဲမှုက တကယ်ထူးခြားလွန်းပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်အနေနဲ့ မာဆေး ဆိုက်အသင်းနှစ်သင်းကို ဆက်တိုက်ကစားရတဲ့အခြေအနေပါ။ အဲဗာတ န်ကိုအနိုင်ရခဲ့သလိုလီဗာပူးနဲ့ပွဲမှာလည်း ရှက်ဖီးလ်ယူနိုက်တက်တို့ ဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ လီဗာပူးကတော့ ပြည်တွင်းပွဲစ ဉ်တွေမှာ အမှားမရှိသေးပါဘူး။ ချဲလ်ဆီးနဲ့ပွဲမှာ ကံကောင်းခဲ့တယ်ဆိုပေမယ့် ဒီပွဲကိုတော့ အခွင့်အရေးကောင်း အားလုံးကို လက်လွှတ်ခံမှာမဟုတ်ပါဘူး။


ခန့်မှန်းရလဒ် - ရှက်ဖီးလ်ယူနိုက်တက် ဝ-၂ လီဗာပူး

Share

Loading Next Article...
က္က