တေးသီချင်းကြိုက်နှစ်သက်သူတွေအတွက် တစ်ပတ်အတွင်း ပရိသတ်ကြား ရေပန်းစားနေတဲ့ တေးသီချင်း ငါးပုဒ်ကို ဖော်ပြပေးချင်ပါတယ်။

နာမည်ကျော်တေးသံရှင်တွေရဲ့ တေးသီချင်းကောင်းတွေ ၊ ကြည့်ရှူသူ သန်းချီတဲ့ တေးသီချင်းသစ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ အဲဒီတေးသီချင်းတွေကတော့

 Find you again

ဒီသီချင်းကတော့ နံပါတ် ၁နေရာမှာ ရှိနေတဲ့ သီချင်းပါ။ Mark Ronson ရဲ့ တေးသီချင်း ဖြစ်ပြီးတော့ သီဆိုသူကတော့ Camila Cabello ပဲဖြစ်ပါတယ်။ Mark Ronson ရဲ့ Late Night Feelings အယ်ဘမ်ထဲက တေးသီချင်းလည်း ဖြစ်ပါတယ်။ ဆွဲအားပြင်းတဲ့ Camila ရဲ့ အသံနဲ့အတူ တေးဂီတမြူးမြူးလေးကို ခံစားရမှာပါ။ ဒီတေးသီချင်းဟာ 2019 ဇူလိုင်လ ၉ရက်နေ့က စတင်ထွက်ရှိခဲ့တာဖြစ်ပြီး ဇူလိုင်လအတွင်းမှာပဲ ကြည့်ရှူသူ ၈သန်းကျော်ထိ စံချိန်ချိုးခဲ့ပါတယ်။

 "You Need to Calm Down"

Taylor Swift သီဆိုထားတဲ့ You Need to Calm Down သီချင်းကတော့ နံပါတ် ၂နေရာမှာ ရပ်တည်နေပါတယ်။ ဇွန်လ ၁၄ ရက်နေ့က ထွက်ရှိတဲ့ Lover (2019) အယ်ဘမ်ထဲက တေးသီချင်းပါ။ တေလာဆွစ်ရဲ့ ပုံစံအတိုင်း Music Video အလန်းစား ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ခပ်ချေချေ ကောင်မလေးတစ်ယောက်ရဲ့ ဝေဖန်နေသူတွေကို တုံ့ပြန်လိုက်တဲ့ ခပ်မိုက်မိုက်စာသားတွေကို ဒီတေးသီချင်းထဲမှာ ခံစားရမှာဖြစ်ပါတယ်။ ခုခေတ်နဲ့ အရမ်းလိုက်ဖက်လွန်းတဲ့ ဒီဗီဒီယိုဖိုင်ကို ဇူလိုင်လအတွင်း ကြည့်ရှူသူ သန်း 100 ရှိတယ်လို့ သိရပါတယ်။

 "Jesus in LA"

Alec Benjamin ရဲ့ Jesus in LA ကတော့ တတိယမြောက် တေးသီချင်းဖြစ်ပါတယ်။ အဆိုတော်ကောင်လေး Benjamin က သူ ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ခဲ့တဲ့အကြောင်းကို သီချင်းလုပ်ဆိုထားတာပါ။ ဒီသီချင်းကိုတော့ ဇူလိုင် ၁၆ တုန်းက ထွက်ရှိထားတာဖြစ်ပါတယ်။ မကျရှုံးချင်ဘူး ၊ ကျရှုံးမှုဟာ သူ့အတွက်တော့ အကြီးမားဆုံး အကြောက်တရားပဲ လို့ ပြောခဲ့တဲ့ သူက ခုချိန်မှာတော့ youtube မှာ ကြည့်ရှူသူပေါင်း ၂၁၈ သန်းကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။

 I don’t care

Ed Sheeran နဲ့ Justin Bieberတို့ရဲ့ သီချင်းသစ် I don’t care တေးသီချင်းကတော့ မေ ၁၇ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ တေးသီချင်းပါ။ ဗီဒီယိုစတိုင်အလန်းကြောင့် ကြည့်ရှူသူတွေ ပျော်ရွှင်ခဲ့ကြရပါတယ်။ ဒီတေးသီချင်းရဲ့ အောင်မြင်မှုကတော့ စတင်ထုတ်လွှင့်ပြီးပြီးချင်း ၁နာရီခွဲအတွင်းမှာပဲ ငါးသိန်းနီးပါးလောက် ကြည့်ရှူသူရရှိခဲ့ပါတယ်။

Senorita



Shawn Mendes နဲ့ Camila Cabello တို့ရဲ့ အချစ်တေးသီချင်းလေး Senorita ကတော့ နံပါတ် ၅နေရာမှာရှိနေပါတယ်။ မိန်းမပျိုလေးလို့ အဓိပ္ပါယ်ရပါတယ်။ ဇွန် ၂၁ မှာထွက်ရှိခဲ့တဲ့ တေးသီချင်းဖြစ်ပြီးတော့ ဇူလိုင်လအတွင်းမှာတော့ ကြည့်ရှူသူ သန်း ၃၅၀ ကျော် ရှိနေပါပြီ။ Romatic တေးသီချင်းကောင်းလေးဖြစ်ပြီးတော့ စာသားလှလှလေးတွေနဲ့ သီကုံးထားတာပါ။

Share

Loading Next Article...
က္က