၂၀၂၀-၂၁ ရာသီကုန်မှာ ဆာကာနဲ့အသင်းအကြား စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

အသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက တစ်နှစ်ကျော်ကျန်ရှိနေသေးတာပါ။

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်လူငယ်တောင်ပံကစားသမားအနေနဲ့ လစာခံစားခွင့်ပိုမိုရရှိနိုင်မယ့်အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့လိုနေကြောင်း သတင်းဖော်ပြမှုများရှိနေခဲ့ပြီးနောက် တစ်ပတ်ပေါင် ၁သောင်းမပြည့်တဲ့ လစာခံစားမှုအပေါ်မှာလည်း ထောက်ပြဝေဖန်မှုအချို့ရှိနေတယ်လို့ metro.co.uk ရဲ့ ကိုးကားဖော်ပြချက်အရ သိရပါတယ်။

အင်္ဂလန်ယူ-၁၉တောင်ပံကစားသမား ဆာကာဟာ လက်ရှိနည်းပြအာတီတာလက်ထက်တွင် အသင်းရဲ့ပွဲထွက် ကစားသမားစာရင်းမှာ မကြာခဏပါဝင်ခွင့်ရရှိနေခဲ့သလို ခြေစွမ်းပြကစားနိုင်မှုများကြောင့် ပရီးမီးယားလိဂ်ထိပ် သီးအသင်းအများစုရဲ့ စိတ်ဝင်စားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

wtfoot.com ရဲ့ဖော်ပြချက်အရ ဆာကာအနေနဲ့ အာဆင်နယ်အသင်းကစားသမားများတွင် လစာခံစားခွင့်အ နည်းဆုံးဖြစ်နေခဲ့ပြီး တစ်နှစ်လုပ်ခလစာပေါင် ၄၅၄,၂၆၀ သာရရှိခံစားနေရတာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်၉,၂ ၃၁ ပဲရှိနေတဲ့အခြေအနေအပေါ် ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။



အင်္ဂလန်နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရရှိထားပြီး ခြေစွမ်းပြကစားနေတဲ့လူ ငယ်ကစားသမားတစ်ဦးအတွက် ခံစားခွင့်က စတာလင်ပေါင် ထောင်ဂဏန်းသာရှိနေခဲ့ခြင်းအပေါ် ပရိသတ်အ များစုက စိတ်ပျက်နေကြခြင်းဖြစ်ပြီး အချို့ပရိသတ်တွေကတော့ အခြားအသင်းကြီးအများစုက ခေါ်ယူနိုင်သွား မယ့်အခြေအနေအပေါ် စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

လက်ရှိ ၂၀၁၉-၂၀ ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းရဲ့ လစာငွေအများဆုံးကစားသမားအဖြစ် တစ် ပတ်လုပ်ခပေါင် ၃၈၅,၀၀၀ ရရှိနေတဲ့ ကွင်းလယ်ကစားသမားအိုဇေးလ်က ရပ်တည်နေတာဖြစ်ပြီး လူငယ်ကစား သမားများတွင်မူ ဂွမ်ဒိုဇီ၊ မေလန်နိုင်းစ်တို့က ခံစားခွင့်အများဆုံးရရှိနေခဲ့တာပါ။

သတင်းထွက်ပေါ်မှုတွေအရ ဆာကာကို သက်တမ်းတိုးစာချုပ်အပြင် လုပ်ခလစာခံစားခွင့်ပါတိုးမြှင့်ပေးနိုင်ဖို့အ တွက် အာဆင်နယ်အသင်းတာဝန်ရှိသူအချို့ ဆောင်ရွက်နေဆဲဖြစ်ပြီး ကစားသမားဖြစ်သူကိုခေါ်ယူလိုတဲ့အသ င်းကြီးအချို့ကလည်း ကမ်းလှမ်းမှုများပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာလည်းဖြစ်ပါ တယ်။

Share

က္က