နောက်တစ်ပတ် ထပ်ဝတ်နေတယ်လို့ ဦးအောင်ရင်က ပြောပါတယ်။

မိုးအောင်ရင်ကတော့ ဘုန်းကြီးဝတ်တာ မထွက်သေးပဲ နောက်တစ်ပတ်အထိ ဆက်ဝတ်ဦးမယ်လို့ ဖခင်ဖြစ်သူ ဦးအောင်ရင်က ပြောပါတယ်။



Photo: Aung Yin



ဆိုတော် အောင်ရင်ကတော့ သားဖြစ်သူ မိုးအောင်ရင်က သင်္ကန်း နောက်တစ်ပတ်အထိ ထပ်ဝတ်နေတာကြောင့် စိတ်အေးချမ်းသာစွာနဲ့ ဆန်ဖရန်စစ်ကိုမှာ ရှိတဲ့ သမီးဖြစ်သူကို သွားတွေ့ဦးမယ်လို့ ဆိုပါတယ်။


’လောကကြီးမှာဖြစ်ပျက်နေတာတွေက တစ်ခါတလေ အိပ်မက်လိုပဲဗျ။ သားသမီးတွေလည်းကြည့်ရင်းနဲ့ အရွယ်ရောက်လာကြတယ်။ သမီးဆီ family reunion လုပ်မယ် မိသားစုလိုက်သွားဖို့စီစဉ်လည်း အကြောင်းအမျိုးမျိုးနဲ့ မရောက်ဖြစ်ဘူး မသွားနိုင်ခဲ့ဘူး။ အခုတော့ ညီမ နုနုခိုင်ကျေးဇူးနဲ့ USA ကို သီချင်းဆိုဖို့ Dublin မှာ Connecting flight စောင့်နေတယ် သမီးနဲ့တွေ့ရတော့မယ်။ သားမပါပေမဲ့လည်း သားကရန်ကုန်မှာ သင်္ကန်းစည်းတာ တစ်ပတ်ဝတ်မယ်ဆိုပြီး ခုတော့ နောက်တစ်ပတ်ထပ်ဝတ်နေလို့ စိတ်ချမ်းသာစွာနဲ့ ဆန်ဖရန်စစ်ကို မြို့ကိုရောက်သွားပါတော့မယ် ခင်ဗျ’’ ဆိုပြီးတော့ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Aung Yin

မိုးအောင်ရင်ကတော့ ထောင်ကလွတ်လာပြီးတဲ့နောက် ပထမဆုံးအနေနဲ့ မေလ ၁၂ ရက်နေ့က သာသနာ့ဘောင်ထဲကို ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းချခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာပါ။

‘’သာသနာ့ဘောင်မှာ ငြိမ်းချမ်းမူတွေ ရှာလိုက်ပါဦးမယ်’’ ဆိုပြီးတော့ မေလ ၁၂ ရက်နေ့ မနက် ၁၀နာရီ ၅၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ့်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Aung Yin

မိုးအောင်ရင်ဟာ မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ ဒါကြောင့်လည်း မိုးအောင်ရင်ကို ချစ်တဲ့ ပရိသတ်တွေရော၊ အနုပညာမောင်နှမတွေကပါ ဝမ်းမြောက်ဝမ်းသာဖြစ်လို့နေကြပါတယ်။

Photo: Aung Yin

မိုးအောင်ရင်ကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား၊ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူဟာ အဆိုတော် အောင်ရင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ အပြုံးချိုချို၊ သဘောကောင်းလွန်းသူ၊ ပေးလာတဲ့ ကာရိုက်တာအပေါ် အကောင်းဆုံး သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဒီနေ့ အထိ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချောတစ်ယောက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က