မေလ(၂၃) ရက်နေ့မှ မေလ (၂၈) ရက်နေ့

မိဿရာသီဖွား

---

ဝင်ငွေကောင်းမယ့် ကာလပါပဲ။ငွေရွှင်တာကြောင့် သင့်နားမှာ အပေါ်ယံလူတွေ ကပ်နေတတ်ပါတယ်။ ရွေးချယ်မှုတွေက နောင်အချိန်မှာ စကားပြောလာမယ်ဆိုတာတော့ မမေ့လိုက်ပါနဲ့။ ဆောင်ရွက်သမျှအဆင်ပြေစေရန် သောကြာထောင့်မှာ ဆီးမီးပူဇော်ပါ။

ပြိဿရာသီဖွား

----

ဖြစ်လာတဲ့ ပြဿနာတွေကို မြန်ဆန်စွာ တန့်ပြန်နိုင်စွမ်းက သင့်ရဲ့ခွန်အားပါပဲ။ ဒီခွန်အားတွေ ရရှိဖို့ စိတ်တည်ငြိမ်အောင် တရားများများထိုင်ပါ။ အချစ်ရေးမှာ ကျရှုံးခန်းတွေ ရောက်နေတတ်သည်။ အရာအားလုံးအဆင်ပြေစေရန် မုန့်ဟင်းခါးကို သူများတွေအား ဝယ်ကျွေးပါ ၊ ကိုယ်မစားပါနဲ့။


မေထုန်ရာသီဖွား

----

လူလိမ်တွေနဲ့ကတော့ တွေ့ဆုံနေရဦးမှာပါပဲ။ လူလိမ်လည်းခံရနိုင်ပါသေးတယ်၊ ပိုက်ဆံလိမ်ယူမယ်၊ ရာထူးနေရာ လိမ်လည်မယ်၊ အချစ်ကိုတောင် လိမ်ယူသူတွေနဲ့ တွေ့ဆုံနေရဦးပါမယ်၊ တစ်ဖက်လူမှ ပြောသမျှစကားတိုင်းကို ချင့်ချိန်ယုံကြည့်ခြင်းကသာ သင့်အတွက်အကောင်းဆုံးနည်းလမ်းပါ။ ယတြာအနေနဲ့ သပြေပန်းကို ဘုရားလှူပါ။



ကရကဋ်ရာသီဖွား

----

မသေချာတဲ့ လုပ်ငန်းများလုပ်မိနေတတ်သည်။ မိမိလုပ်ကိုင်ရမယ့် အလုပ်ကတစ်ဖက်၊ မလိုအပ်သည့်အလုပ်တွေက တစ်ဖက် လုပ်မိနေတတ်သည်။ ဗျာများခြင်းက သင့်အတွက် အဆင်မပြေမှုတွေရဲ့လမ်းစပါပဲ။ ယတြာအနေနဲ့ နံနက်တိုင်းမှာ ငါးစားကျွေးပါ။

သိဟ်ရာသီဖွား

----

စီးပွားရေးတွေ အဆင်ပြေလာလိမ့်မည်၊ ဆုံးရှုံးဖူးသောအရာများပြန်လည်ရရှိလာလိမ့်မည်။ အားလုံးအပေါ် မေတ္တာတရားဖြင့်သာ ပြောဆိုဆက်ဆံပါ။ အချစ်ရေးမှာတောင် အောင်မြင်လာလိမ့်မည်။ ကံတရားကို အထောင်အကူပြုစေဖို့ နံနက်တိုင်းမှာ မေတ္တာသုတ်ကို ရွတ်ဖတ်ပါ။

ကန်ရာသီဖွား

----------

အချစ်ရေးကေတော့ ကောင်းနေတုန်းပါပဲ။ သို့သော် တတိယလူပေါ်လာတတ်သည်။ ချစ်သူနှစ်ဦးခြား နားလည်မှုခိုင်မာမှသာ ဒီအခြေအနေကို ကျော်ဖြတ်နိုင်လိမ့်မည်။ လုပ်ငန်းတွေမှာလည်း သင့်အတွက် စိတ်ရှုပ်စရာလေးတွေ ပေါ်လာတတ်သည်။ ယတြာလေးကတော့ ကလေးတစ်ဦးကို ပေါင်မုန့်ဝယ်ကျွေးလိုက်ပါ။



တူရာသီဖွား

----

အချစ်ရေးမှာ မိမိချစ်ခင်ရသူက မိမိအပေါ် နားလည်မှုတွေ ပေးလာလိမ့်မည်။ အချစ်ရေးကံကောင်းစေဖို့ကတော့ မိမိကိုယ်တိုင်ဖန်တီးရမှာပါပဲ။ အချစ်ရေးမဟုတ်တဲ့ ကျန်တဲ့ကိစ္စတွေမှာတော့ အခြေအနေတွေက အသင့်အတင့်ကောင်းမွန်နေပါတယ်။ အဆင်ပြေတာတွေ တည်တံ့စေဖို့ အင်္ဂါသားနဲ့ ဘုရားသွားပါ။

ဗြိစ္ဆာရာသီဖွား

-----

ကြိုးကြိုးစားစား နေထိုင်ခြင်းက သင့်ရဲ့ပုံစံဖြစ်နေတတ်ပါတယ်။ သင်လိုအပ်တာတွေကို အလွယ်နည်းလမ်းမဟုတ်ဘဲ တကယ့်ကိုကြိုးစားယူခြင်းဖြင့်သာ ရရှိနေပေလိမ့်မည်။ တက်တက်ကြွကြွလည်းရှိနေလိမ့်မည်။ ကံတရားကလည်း ထောက်ပံ့ပေးစေဖို့ လူကြီးတစ်ဦးကို ဦးထုပ်ဝယ်ပေးပါ။



ဓနုရာသီဖွား

----

ကံကောင်းမှုတွေ ဆက်လက်ထိန်းထားနိုင်ပေလိမ့်မည်။ သို့သော်လည်း တခါတလေဆိုသလို ကံညံ့လေးတွေ ဝင်လာနေတတ်သည်။ လုပ်ဆောင်တဲ့ကိစ္စတိုင်းမှာ ဒုတိယအစီအစဉ်ဆိုတဲ့ အစီအစဉ်တစ်ခုကို အမြဲထည့်သွင်းစဉ်းစားထားပါ။ ကံညံ့လေးတွေကို အောင်မြင်စေဖို့ မုန့်ချိုတစ်မျိုးကို လမ်းထဲမှာ ဝေလိုက်ပါ။

မကာရ ရာသီဖွား

----

ဘာပဲလုပ်လုပ် အကောင်းမြင်စိတ်ဖြင့်သာ လုပ်ကိုင်ပါ။ အကောင်းမြင်စိတ်က သင့်ဘဝတစ်ခုလုံးကို ကောင်းမွန်တဲ့လမ်းကြောင်းပေါ် တွန်းပို့ပေးနိုင်လိမ့်မည်။ သူငယ်ချင်းမိတ်ဆွေတွေလည်း တိုးပွားလာလိမ့်မည်။ ယတြာအနေနဲ့ အိမ်နောက်ဘေးမှာ မာလကာပင်စိုက်ပျိုးပါ။

ကုမ်ရာသီဖွား

------

လူမှုဆက်ဆံရေးမှာ အဆင်ပြေသည်မဟုတ် မပြေသည်လည်းမဟုတ် ဖြစ်နေတတ်သည်။ အထီးကျန်နေသည်ဟု ခံစားရသည်မှစကာ တွေဝေစိတ်တွေဝင်ရောက်ပြီး စိတ်ဓာတ်ကျနေရတတ်သည်။ ခင်မင်သူ သူငယ်ချင်းနဲ့ ရင်တွင်းစကားတွေပြောဆိုလိုက်ပါ။ ဆောင်ရွက်သမျှအဆင်ပြေစေဖို့ ဆွေမျိုးတစ်ဦးကို ပန်းဝယ်ပေးပါ။


မိန်ရာသီဖွား

----

ကြံတိုင်းအောင် လုပ်သမျှကိစ္စတိုင်းမှာ အဆင်ပြေနေလိမ့်မည်။ စကားအရာအောင်မယ့် ကာလပါပဲ၊ မနာလိုသူတွေလည်း ရှိတတ်တာကြောင့် သတိနဲ့နေထိုင်ခြင်းက ပိုမိုအဆင်ပြေစေလိမ့်မည်၊ လုပ်သမျှကိစ္စတိုင်းအောင်မြင်စေဖို့ ဘုရား၊တရားမမေ့ပါနဲ့။

Share

Loading Next Article...
က္က