အပြန်အလှန်ထေ့ငေါ့ပြီးတော့ ပြောဆိုနေကြပါပြီ။

ရော်နယ်ဒိုနဲ့ ရွန်နီတို့ရဲ့ ယူနိုက်တက်တိုက်စစ်အတွဲအဖက်ဟောင်းကတော့ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ဆိုသလို ရန်ဘက်တွေဖြစ်လာဖို့ တာစူနေပါပြီ။ ရော်နယ်ဒိုကို ရွန်နီက ဝေဖန်ရာကနေ စတင်ခဲ့တဲ့ ဇာတ်လမ်းက အခုဆိုရင် အပြန်အလှန် အထေ့အငေါ့တွေနဲ့ ကိုယ်စီပြောရင်း လေလှိုင်းပေါ်မှာ စစ်ပွဲတပွဲကို ဆင်နွှဲနေသလိုဖြစ်နေပါတယ်။ 

ရော်နယ်ဒိုရဲ့ ယူနိုက်တက်ကို အပြန်လမ်းက ထင်မှတ်သလောက် အကျိုးမရှိဘဲ ပြန်ရောင်းချပြီး လူငယ်တွေကို နေရာပေးဖို့ ရွန်နီက ယူနိုက်တက်ကို တိုက်တွန်းခဲ့ပါတယ်။ Sky Sports အစိအစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီအစီအစဉ်က ဓာတ်ပုံကို သူ့ရဲ့အင်စတာဂရမ်မှာ ရွန်နီက တင်ထားခဲ့ချိန်မှာ ရော်နယ်ဒိုက "မနာလိုနေတဲ့ လူနှစ်ယောက်" ဆိုပြီး ကာရေဂါနဲ့ ရွန်နီတို့ကို ရည်ရွယ်ကာ ကွန်မန့်ဝင်ရေးခဲ့ပါတယ်။ 

အဲဒီကွန်မန့်ကို မြင်ပြီးတဲ့နောက်မှာ ရွန်နီက "တော်တော်ကလေးဆန်တာပဲ၊ ဒီဘဲက သူ့ကို ဝေဖန်ရင် မကြိုက်ဘူး၊ ငါ့စိတ်ထဲမှာရှိတာကိုသာ ထုတ်ပြောလိုက်မယ်ဆိုရင် သူ့မိန်းမရင်ခွင်ထဲပြေးငိုနေဦးမယ်" လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ အဲဒီနောက် ဒါဘီနည်းပြက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ထပ်ပြောပြီး ပွဲဆူအောင် လုပ်လိုက်ပြန်ပါတယ်။ 



"ရော်နယ်ဒိုကို မနာလိုဖြစ်တဲ့ ကစားသမားတယောက်မှ ဒီကမ္ဘာမှာမရှိသလောက်ပဲလို့ ကျနော်တော့ထင်တယ်၊ သူပိုင်ဆိုင်ခဲ့တဲ့ ကစားသမားဘ၀၊ သူရရှိခဲ့တဲ့ဆုဖလား၊ သူ့ရဲ့ဝင်ငွေ၊ သူ့ရဲ့ Six-Pack တွေက မနာလိုဖြစ်စရာပဲလေ၊ မက်ဆီတောင်မှ သူ့ကို မနာလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်" လို့ ရွန်နီက ခနဲ့တဲ့တဲ့ပြောဆိုသွားခဲ့တာပါ။ 

တချိန်က ယူနိုက်တက်တိုက်စစ်မှာ အတွဲညီညီနဲ့ခြေစွမ်းပြခဲ့တဲ့ ဒီကစားသမားနှစ်ယောက်က အခုချိန်မှာ အပြန်အလှန်ထေ့ငေါ့ပြီး ရန်ဖြစ်နေတာကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် တော်တော်စိတ်မကောင်းစရာပါပဲ။ 

Share

Loading Next Article...
က္က