ဟာလန်းက အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့တာပါ။

လီဗာပူးဂန္တဝင်ကစားသမားဟောင်းကြီး ကာရေဂါက မနေ့ညက ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးအတွက် အပိုင်အခွင့်အရေးနှစ်ကြိမ်လောက်ကို ဖြုန်းတီးခဲ့တဲ့ ဟာလန်းဘက်ကနေ ကာကွယ်ပေးသွားခဲ့ပါတယ်။ လက်စတာအိမ်ကွင်း ကင်းပါဝါကွင်းကြီးမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ လီဗာပူးက ၃-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။



ဒီပွဲမှာတော့ နှစ်ဖက်အသင်း ဘယ်သူနိုင်မလဲဆိုတာအပြင် ဒါဝင်နူးနက်ဇ်နဲ့ဟာလန်းတို့နှစ်ယောက်မှာ ဘယ်သူကခြေစွမ်းပြမယ်၊ ဘယ်သူကဂိုးသွင်းမယ်ဆိုတာကိုပါ ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ဟာလန်းတယောက် ဓားစာခံဖြစ်ခဲ့ရပြီး ပထမပိုင်းမှာ အခွင့်အရေးတကြိမ်၊ ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ အပိုင်အခွင့်အရေးတကြိမ် ဆိုးဆိုးရွားရွား လွဲချော်ခဲ့ပါတယ်။

တဖက်မှာတော့ လီဗာပူးအတွက် အာနိုးလ်၊ ဒါဝင်နူးနက်ဇ်ရဲ့ ခေါင်းတိုက်ချက်ကတဆင့် ရရှိလာတဲ့ ပင်နယ်တီကို ဆာလာ၊ ဒါဝင်နူးနက်ဇ်က ပွဲသိမ်းအနိုင်ဂိုးတို့ကို သွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ပထမပိုင်းမှာလည်း ဘောလုံးထိချက် (၈) ကြိမ်သာရှိခဲ့ပြီး အဲ့ဒီအပေါ်မှာလည်း ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း လီဗာပူးဂန္တဝင်ကြီး ကာရေဂါကတော့ “အခု ဒီတပတ်မှာတော့ ဟာလန်းနဲ့ပတ်သက်တဲ့ လှောင်ပြောင်မှုတွေကို နေရာတိုင်းမှာ မြင်တွေ့ရတော့မှာပါ။ ပြီးခဲ့တဲ့အပတ်တုန်းက နူးနက်ဇ်ဖြစ်ခဲ့သလိုမျိုးပေါ့။ ဘယ်သူတွေကလှောင်တာလဲဆိုရင်တော့ ဘဝမှာ တသက်လုံးဘောလုံးမကန်ဖူးတဲ့သူတွေက လှောင်မှာပါ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

နူးနက်ဇ်ဟာလည်း လီဗာပူးကိုရောက်ရောက်ချင်း ယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်၊ ဆဲလ်ဘာ့ဂ်တို့နဲ့ ခြေစမ်းပွဲတွေမှာ တော်တော်လေးဆိုးရွားတဲ့ခြေစွမ်းကို ပြသပြီး လှောင်ပြောင်ခံခဲ့ရပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်ကို ငါးဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာတော့ တယောက်တည်း လေးဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က