အက်သလက်တီကိုကစားသမားတွေကို ပီပီပေါက်ကွဲခဲ့တာပါ။

ပေါ်တိုနောက်ခံလူ ပီပီကတော့ မနေ့ညက အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဥ်မှာ ပွဲချိန်အတွင်း အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ပါတယ်။ အုပ်စုတက်ရေး အရေးပါတဲ့ ဒီပွဲမှာတော့ အက်သလက်တီကိုက အိမ်ရှင် ပေါ်တိုကို ၁-၃ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့တာပါ။



အရေးပါတဲ့ပွဲဖြစ်တာနဲ့အညီ နှစ်သင်းလုံး ပြိုင်ဆိုင်မှု တော်တော်လေးပြင်းထန်ခဲ့ပြီး အနီကတ်၊ အဝါကတ်တွေ ပလူပျံခဲ့ကာ ဒိုင်လူကြီးကလည်း ပွဲကို ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရပါတယ်။ ပွဲကစားချိန် (၆၇) မိနစ်မှာ အက်သလက်တီကို တိုက်စစ်ကစားသမား ကာရက်စ်ကို အနီကတ်နဲ့ ထုတ်ခံခဲ့ရသလို နောက်ပိုင်းမှာလည်း နှစ်ဖက်ကစားသမားတွေအကြား အပြန်အလှန်ထိတွေ့မှုတွေရှိခဲ့တာပါ။

အဲ့ဒီနောက် ပွဲကစားချိန် မိနစ် (၇၀) မှာ ဝမ်ဒဲလ်အနီကတ်ပြခံခဲ့ရတာနဲ့အတူ နှစ်ဖက်အသင်းကစားသမားတွေ၊ အရံခုံတန်းကနည်းပြတွေ၊ အရံကစားသမားတွေကြားမှာပါ ပြဿနာတွေကြီးထွားလာခဲ့ပြီး ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ပေါ်တိုအသင်းခေါင်းဆောင်ဖြစ်တဲ့ ပီပီတယောက် သူ့ရဲ့ ငယ်ဒေါသတွေကို လျှော့ထားတဲ့အချိန်တွေရှိခဲ့ပေမယ့်လည်း ပွဲချိန်အတွင်းမှာပဲ အခုလို အကြီးအကျယ် ပေါက်ကွဲကာ ပြိုင်ဘက်ကစားသမားနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့တာပါ။ ပီပီလည်း သူ့ရဲ့လုပ်ရပ်ကြောင့် အဝါကတ်ပြ သတိပေးခံခဲ့ရပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် (၆၇) မိနစ်မှာ အက်သလက်တီကိုဘက်က ကာရက်စ်ကို၊ မိနစ် (၇၀) မှာ ပေါ်တိုဘက်က ဝမ်ဒဲလ်၊ (၇၅) မိနစ်မှာ မာချီဆင်တို့ ဆက်တိုက်ဆိုသလို အနီကတ်တွေနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာတင် နှစ်သင်းပေါင်း အဝါကတ် (၄) ကတ်နဲ့ အနီကတ် (၃) ကတ်အထိ မြင်တွေ့ခဲ့ရတာဖြစ်ပြီး ပီပီကတော့ ရီးရဲယ်မက်ဒရစ်မှာ ကစားခဲ့တုန်းက ဒါဘီပြိုင်ဘက် အက်သလက်တီကိုနဲ့ ရင်ဆိုင်တိုင်း ပွဲကြမ်းခဲ့ရချိန်တွေကို ပြန်လည်အမှတ်ရလေခဲ့သလားလို့တောင် ယူဆရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က