သီချင်းသစ်တွေ နားထောင်ရတော့မယ့်နော်။

အက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်း ဂီတလောက ကနေ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ ဆိုတေးဟာ အခုဆိုရင် အရင်က လိုပဲ သီချင်းတွေ ပြန်ဆိုနေနိုင်ပါပြီ။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ အဆိုတော် ဆိုတေးက သီချင်းသစ်တွေ ဖန်တီးနေပြီလို့ ဆိုပါတယ်။

အက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်း ဂီတလောက ကနေ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ ဆိုတေးဟာ အခုဆိုရင် အရင်ကလိုပဲ သီချင်းတွေ ပြန်ဆိုနေနိုင်ပါပြီ။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ အဆိုတော် ဆိုတေးက သီချင်းသစ်တွေ ဖန်တီးနေပြီလို့ ဆိုပါတယ်။ မကြာခင်မှာ သူ့ရဲ့ တတိယခွေကို ပရိသတ်တွေလက်ထဲ အရောက်ပို့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

"သီချင်းခွေထွက်ဖို့ အတွက် ကျွန်တော်ပြင်ဆင်နေပါတယ်။ ကျွန်တော်အခု ကျန်းမာရေး ကောင်းနေပါပြီ၊နေကောင်းနေပြီဆိုတာကလည်း ကျွန်တော်ကို ဆရာဝန်ကြီးတွေရဲ့ ဆေးကုသမှုကို သေချာခံယူတယ်။ ကျွန်တော့်မိဘတွေကလည်း ဂရုစိုက်တယ်လေ။ ဆေးသောက်တာအစ အားလုံးဂရုစိုက်ကြတော့ ကျွန်တော်နေပြန်ကောင်းနေပါပြီ။ တတိယအခွေအတွက်လည်း သီချင်းတွေဖန်တီးပြီး ကြိုးစားလုပ်နေပါတယ်။ အဲ့ဒီအခွေထွက်လာရင်လည်း အားပေးကြပါဦး" ဆိုပြီးသြဂုတ်လ(၂၂) ရက်နေ့ကျင်းပပြုလုပ်ခဲ့တဲ့ ဖိုးပြည့်ရဲ့ "မင်းသားကြီး" တေးစီးရီးမိတ် ဆက်ပွဲမှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

ဆိုုတေးအနေနဲ့ လက်ရှိမှာ နယ်ရှိုးပွဲတွေကိုုလည်း တစ်ခါတလေမှာ သွားရောက်ဖျေ်ာဖြေဖြစ်တယ်လို့ သိရပါတယ်။ နယ်တွေမှာ သီချင်းသွား ဆိုတဲ့ အခါမှာလည်း သူ့ကို ဆိုတေးမှန်း ပရိသတ်တွေက မမှတ်မိကြပဲ ဆိုတေး အတုကြီးဆိုပြီး ပြောကြတာတွေတောင် ရှိခဲ့တယ်ဆိုပြီး သူ့ရဲ့ အမှတ်တရလေး တစ်ခုကို ပြန်ပြောပြခဲ့ပါတယ်။

"ကိုဆိုတေး သိချင်းခွေ မထွက်ဖြစ်တော့ဘူးထင်တယ်တဲ့။ မဆိုနိုင်ဘူးဆိုပြီး အခုချိန်ထိ ပြောနေတာ ကြားရတယ်။ ကျွန်တော်စင်ပေါ်မှာ ဆိုနေတာတောင် အဲ့ဒါ ဆိုုတေးမဟုတ်ဘူး။ အတုကြီးလို့ ပြောကြတယ်။ ကျွန်တော်မှာ အပြောခံနေရတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ် တွေက သိကြပါတယ်။ ကျွန်တော့်သီချင်းလေးတွေကိုလည်း အခုထိ အားပေးကြလို့ အရမ်းပျော်မိပါတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo : ဆိုတေး FB

သာသနာ့ ဘောင်ထဲ ဝင်သွားတဲ့ ဆိုတေး 

ဆိုတေးနဲ့ ပတ်သတ်ပြီးတော့လည်း ဆိုတေးရဲ့ အမေက ယခုလို ပြောပြထားပါသေးတယ်။

"သူအခုလို ပြန်ပြီး အလုပ်လုပ်နိုင်တဲ့အတွက် အန်တီအရမ်းကို ပျော်ပါတယ်။ အရမ်းလည်းဝမ်းသာတယ်။ တစ်ခါတစ်ခါကျရင်လည်း စိတ်ထဲမှာ ပျော်လည်း ပျော်တယ်။ကျေလည်းကျေနပ်တယ်။တစ်ခါတလေကျရင်လည်း ဝမ်းနည်းတာပေ့ါ။ တအားကြီးအောင်မြင်နေတဲ့အချိန်မှာ ဖြစ်သွား တော့ လည်းလေ။ ဒီလိုပါပဲ ဖြစ်တတ်ပါတယ်လေနော်။သူ့ကိုတော့ အန်တီက ကျန်းမာရေးကော အစားအသောက်ကော သူရဲ့ ဝတ်စားဆင်ယင် မှုကအစ အန်တီဂရုစိုက်ပေးတယ်။အခုချိန်မှာ သူက ကလေးလေးလိုပဲ ။အန်တီမှာလည်း ကလေးလေး ပြန်မွေးထားသလို ခံစားရတယ်။" ဆိုပြီး မိခင်ဖြစ်သူ ပြောပြထားပါတယ်။

Photo : ဆိုတေး FB


အဆိုတော် ဆိုတေးဟာ အက်ဆီးဒင့်ဖြစ်ပြီးနောက်ပိုင်းမှာ ဘုရားတရားတွေလည်း ပိုလုပ်ဖြစ်လာတာတွေ့ရပါတယ်။ ဘုရားတရားလုပ်ဖြစ်သလို မိဘတွေကိုလည်း ပိုပြီး သိတတ်လာတယ်လို့ သိရပါတယ်။သူ့အနေနဲ့ အက်ဆီးဒင့် ဖြစ်သွားတဲ့အတွက် ကြန့်ကြာနှောင့်နှေးမှုလေးတော့ ဖြစ်သွားတယ်လို့ဆိုပါတယ်။ 

ဆိုတေးဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သူဟာ မီးအိမ်ရှင် တေးစီးရီးနဲ့"မင်္ဂလာပါ"တေးစီးရီးတို့ ထွက်ရှိပြီးနောက်ပိုင်း အမြန်လမ်းမှာ အက်ဆီးဒင့်ဖြစ်သွားရာက ကျန်းမာရေး ချို့ယွင်းသွားခဲ့ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ ဖြစ်ပါတယ။်

 

Share

Loading Next Article...
က္က