အသည်းကွဲ သီချင်းတွေတော့ပါမှာ မဟုတ်ဘူး။

ဝိုင်းလေးက သူမရဲ့ တတိယအခွေကို ပရိသတ်အကြိုက်တွေ့ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။ ဆိုနေကြ သီချင်းပုံစံလေး မဟုတ်တာကြောင့်လည်း စိတ်လှုပ်ရှားနေပါတယ်တဲ့။

Photo: Sue Kxit



အဆိုတော် ဝိုင်းလေးက တတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ အသည်းကွဲသီချင်းတွေ ကြိုက်တဲ့ ပရိသတ်တွေက သူ့ရဲ့ တတိယအခွေလေးကို အားပေးပါ့မလားလို့လည်း စိုးရိမ်မိတယ်လို့ Duwun media ကနေ ပြောပြလာပါတယ်။

‘’ တတိယအခွေမှာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အားပေးတဲ့ သီချင်းတွေ တော်တော်များများပါတယ်ဆိုတော့ လူတွေက အသည်းကွဲသီချင်းမှ ကြိုက်ကြတာများတာပေါ့နော်။ ခံစားချက်တွေများတော့လေ။ အဲဒီလိုမဟုတ်ပဲ Motivations ဖြစ်တဲ့ သီချင်းဆိုရင်ရော နားထောင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တော့ဖြစ်တယ်။ ဒါပေမယ့် သတ္တိရှိရှိပဲ လုပ်ထားပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: wyne lay

သူမရဲ့ ဒုတိယအခွေအတွက် MTV ကိုလည်း ဆက်လက်ရိုက်ကူးနေတုန်းပါလို့ ဝိုင်းလေးက ပြောပါတယ်။

‘’လတ်တလောကတော့ သီချင်းတွေရေးနေတယ်။ ဒုတိယအခွေအတွက် သီချင်းတွေ ဆက်ရိုက်နေတယ်ဆိုတော့ ဒီနှစ်ကုန်ပိုင်းလောက်တော့ ပရိသတ်လက်ထဲရောက်အောင် ကြိုးစားနေပါတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၁၂ ရက်နေ့ညက အဆိုတော်မိစန္ဒီရဲ့ ‘’သတ္တိခဲ’’ တစ်ကိုယ်တော် တေးစီးရီးမိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Sue Kxit

ဝိုင်းလေးဟာ သူမရဲ့ သီချင်းတွေကို သူမကိုယ်တိုင်ရေးသားထားတာ များပါတယ်။ အသည်းကွဲသီချင်းလေးတွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အတွက်ကတော့ တကယ်ကို ထပ်တူကျခဲ့တဲ့ သီချင်းတွေ ဆိုရင်လည်း မမှားပါဘူး။

‘’ အခုနောက်ပိုင်းက သီချင်းရေးရတာ အရမ်းကျပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုယ်တိုင် ရေးပြီး သီချင်းဆိုရတာ များတယ်။ အရှေ့ပိုင်းတွေမှာ အသည်းကွဲ သီချင်းတွေများတယ်။ အသည်းကွဲသီချင်းကတော့ လူတိုင်းလည်းဆိုတယ်။ အဲဒီတော့ အကြောင်းအရာရှားရှားပါးပါးလေးတွေ စဉ်းစားရပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။


Photo: Sue Kxit


ဝိုင်းလေးဟာ Miss Myanmar World ရဲ့ အလှမယ်တစ်ဦးဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင် တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေ ရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က