stock Android စနစ်သုံး Xiaomi Mi A3 ကတော့ ဈေးကွက်ထဲ ဖြစ်ပါတယ်။
Andorid One ဖုန်းအနေနဲ့ဈေးကွက်ထဲ ရောက်လာတဲ့ Xiaomi Mi A3 ဟာ သူ့အရင်ထွက်ထားတဲ့ Mi A2 နဲ့သိပ်မကွာဘူးလို့ဆိုရမှာပါ။ Display အရွယ်အစားဟာ ၆.၀၈၈ လက်မ ဖြစ်ပြီး AMOLED display အဖြစ် အဆင့်မြှင့်ထားပါတယ်။ waterdrop notch သစ်လည်း ပါလာတယ် ဆိုပေမယ့် screen resolution ကို 720p ထိ ချထားတာ ဖြစ်လို့HD+ display လို့ပဲ ပြောရတော့မှာပါ။
Photo: XDA Developers
ဒီဇိုင်းပိုင်းအရ ကြည့်မယ်ဆိုရင် Xiaomi Mi A3 ဟာ မကြာသေးခင်က ထွက်ထားတဲ့ Xiaomi Mi CC9e နဲ့မတိမ်းမယိမ်းပါပဲ။ Android One ဗားရှင်းဖြစ်တဲ့ Xiaomi Mi A3 ဟာ CC9e မှာ သုံးတဲ့ ကာလာနဲ့ဒီဇိုင်းပုံစံချင်း ဆင်ပြီး processor မှာတော့ Snapdrgon 665 processor သုံးထားတာ ဖြစ်လို့Mi CC9 series ကို မမှီဘူးလို့ပြောနိုင်ပါတယ်။
အရင်နှစ်က Xiaomi Mi A2 မှာ Snapdragon 660 SoC နဲ့လာတာ ဖြစ်လို့Mi A3 မှာသိပ်ပြီး အဆင့်မြှင့်လာတာတော့ မဟုတ်ပါဘူး။ RAM 4GB ပါပြီး သုံးထားတဲ့ storage ကိုတော့ 64GB နဲ့128GB ဆိုပြီး နှစ်မျိုး လာပါတယ်။ storage အတွက် နောက်ထပ် microSD card ထပ်စိုက်လို့လည်း ရမှာပါ။
Xiaomi Mi A3 မှာ သိသာတဲ့ အပြောင်းအလဲက ကင်မရာလို့ပြောနိုင်ပါတယ်။ ကျောဘက်မှာ 48MP main shooter နဲ့အတူ ၁၁၈ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ကင်မရာနဲ့2MP depth sensor တွေ သုံးထားတာ ဖြစ်လို့Xiaomi Mi CC series နဲ့တစ်ပုံစံတည်းလို့ပြောနိုင်ပါတယ်။ AI လုပ်ဆောင်ချက်တွေ ပါလို့ကင်မရာ ရိုက်ကူးရာမှာ ဓါတ်ပုံကိုလိုက်ပြီး ဘယ်လို mode မျိုးနဲ့ရိုက်သင့်သလဲ အကြံပြုနိုင်ပါတယ်။
Photo: SoyaCincau.com
ဆယ်လ်ဖီပိုင်းမှာလည်း Mi CC9 လိုပဲ 32 MP ကင်မရာနဲ့လာပြီး ဘက်ထရီပါဝါမှာ USB Type C port ကနေ အားသွင်းနိုင်မယ့် 18W fast charging ပေးထားတဲ့ 4030 mAh အကြီးစားဘက်ထရီ သုံးထားပါတယ်။ Android One ဖုန်း ဖြစ်တဲ့အတိုင်း Xiaomi Mi A3 ဟာ Google apps နဲ့services တွေကို Google ဗားရှင်း သက်သက်ပဲ သုံးသွားမှာ ဖြစ်ပြီး လစဉ် security patch ကို ၃ နှစ်နဲ့Android အဆင့်မြှင့်မှုကို ၂ ကြိမ် ပေးသွားမှာပါ။
Xiaomi Mi A3 ဟာ Google Pixel 3 စီးရီးမှာ သုံးသလိုမျိုး Kind of Grey ရောင် ၊ Not Just Blue နဲ့More Than White ရောင်ဆိုပြီး နာမည်ဆန်းနဲ့ကာလာ ၃ ရောင် ကြေငြာသွားမှာပါ။ ဈေးနှုန်းအနေနဲ့64GB မော်ဒယ်ကို ၂၄၉ ယူရို ( မြန်မာငွေ ၄ သိန်း ၂ သောင်းကျော်) နဲ့128GB မော်ဒယ်ကို ၂၇၉ ယူရို ( မြန်မာငွေ ၄ သိန်း ၇ သောင်းခွဲခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။