ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားနောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ခေါ်ယူဖို့အတွက် စုံစမ်းမေးမြန်းခဲ့တယ်လို့ Sportskeeda ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက အားနည်းတဲ့ခံစစ်ကြောင့် ၅၄ ဂိုး ခွင့်ပြုပေးရပြီးနောက် ယခုနွေရာသီမှာ ဗဟိုခံစစ်ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး တောင်ပံကစားသမားနဲ့ နောက်ခံကစားသမား ၂ ဦး ခေါ်ယူထားပြီးဖြစ်ပါတယ်။

ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့ရဲ့အပြောင်းအရွှေ့မူဝါဒကို ပြောင်းလဲခဲ့ပြီး ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူဖို့ထက် ငယ်ရွယ်ပြီး ပါရမီရှိတဲ့ လူငယ်ကြယ်ပွင့်တွေကိုသာ ခေါ်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့အဆင့်ခြေစမ်းရှိတဲ့ ဗဟိုခံစစ်ကစားသမားကို ရှာဖွေနေတာဖြစ်ပြီး လက်စတာစီးတီးကြယ်ပွင့် ဟယ်ရီမက်ဂွိုင်းယားကိုလည်း ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာစီးတီးက ပယ်ချခဲ့ပါတယ်။

နီကိုလာမီလန်ကိုဗစ်ဟာ ယခုနွေရာသီမှာ ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ အပြောင်းအရွှေ့ပစ်မှတ်ထဲမှာ ပါဝင်နေသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဖီအိုရင်တီးနားအသင်းက ပေါင်သန်း ၅၀ လိုချင်တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာလို့ သိရပါတယ်။

ယခုနွေရာသီအစောပိုင်းမှာ ဖီအိုရင်တီးနားအသင်းပိုင်ရှင်အသစ် ကွန်မစ်ဆိုက အသင်းရဲ့ပါရမီရှိတဲ့လူငယ်ကြယ်ပွင့်တွေကို ထိန်းသိမ်းထားလိုတဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

Share

Loading Next Article...
က္က