တတိယတန်းအတွက် ကစားသမားသစ်တွေ ခေါ်ယူနေပါတယ်။

ဆော်ဒီဟာ သူတို့ရဲ့ တတိယတန်းလိဂ်အတွက် ကစားသမားရှာဖွေမှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။ စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ သူတို့ရဲ့ ဘောလုံးစနစ်ကြီးတခုလုံးကို လုံးလုံးလျားလျားပြောင်းလဲဖို့ ဆော်ဒီက စီစဉ်နေပြီး အောက်တန်းလိဂ်တွေကစတင်ကာ ခိုင်မာတဲ့ ဖွဲ့စည်းပုံတွေကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ 

အောက်တန်းလိဂ်တွေအတွက် ကစားသမားသစ်တွေကို သူတို့က ရှာဖွေရာမှာ တလကို လုပ်ခလစာ ဒေါ်လာ ၃ ထောင်ကနေ ၄ ထောင်အထိ ပေးမှာဖြစ်ပြီး နေအိမ်တလုံးစီရမယ်လို့လည်း ဆိုပါတယ်။ စိတ်ဝင်စားတဲ့ ကစားသမားတွေအနေနဲ့ အဆိုပါခံစားခွင့်အတိုင်း ကစားရမှာပါ။ 

အလားတူပဲ ဆော်ဒီဟာ အမျိုးသမီးလိဂ်ကိုလည်း ကြိုးစားသွားမှာဖြစ်ပြီး အမျိုးသမီးလိဂ်ရဲ့ ပထမတန်းနဲ့ ဒုတိယတန်းအတွက် ကစားသမားလိုအပ်ချက်တွေရှိနေပါတယ်။ ဒါပေမယ့်လည်း လာရောက်ကစားမယ့် ကစားသမားတွေဟာ နောက်ဆုံးကစားခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပွဲမှာ နိုင်ငံအသင်းအတွက် ရွေးချယ်ခံထားရသူတွေ ဖြစ်ဖို့လိုအပ်တယ်လို့ သတ်မှတ်ထားပါတယ်။ 

သူတို့အတွက် တလကို လစာငွေ ဒေါ်လာ ၅၀၀၀ ပေးချေမှာဖြစ်ပြီး လက်ရှိမှာတော့ ကစားသမားပေါင်း ၉၃၅ ဦးအထိက လျှောက်ထားကြတယ်လို့ ဆိုပါတယ်။ ဆော်ဒီပရိုလိဂ်မှာလည်း နောက်ထပ် နာမည်ကျော်ကစားသမားတွေကို ခေါ်ယူဖို့ရာ စီမံကိန်းတွေရှိသေးတယ်လို့လည်း ဆိုပါတယ်။ 


Share

Loading Next Article...
က္က