ဈေးကွက်ဖွံ့ဖြိုးမှု အကျဘက်မှာ ရှိပါတယ်

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ တရုတ်ဈေးကွက်အတွင်း Vivo ဖုန်းကုမ္ပဏီဟာ နံပါတ်တစ်နေရာက ရပ်တည်နေပြီလို့ ဆိုပါတယ်။ 

IDC ရဲ့ အချက်အလက်တွေအရ တရုတ်ဖုန်းဈေးကွက်ဟာ ၂၀၂၂ ခုနှစ် တတိယသုံးလပတ်တလျှောက် ဝယ်လိုအားဖြည်းဖြည်းချင်း အကျဘက်ရောက်သွားခဲ့ပြီး နှစ်အလိုက် ဈေးကွက်ဖွံ့ဖြိုးမှုအနေနဲ့ ၁၁% ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။ တတိယသုံးလပတ် တရုတ်ဖုန်းဈေးကွက် ရောင်းအားဟာ အလုံးရေ ၇၁.၃ သန်းရှိခဲ့တာပါ။ တန်ဖိုးမြင့် ပရီမီယံဖုန်းဈေးကွက်တန်း ရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ကာလတူထက် ၁.၉% တက်လာပြီး ဖုန်းဈေးကွက်ဝေစုရဲ့၂၂.၄% ကို လွှမ်းခြုံထားတယ်လို့လည်း ဖော်ပြထားပါတယ်။ 




Photo: IDC

တရုတ်ဈေးကွက်အတွင်း အရောင်းရဆုံးဖုန်းကုမ္ပဏီ ၅ ခုစာရင်းမှာ Vivo ၊ Honor ၊ OPPO ၊ Apple နဲ့ Xiaomi တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။ Apple တစ်ခုပဲ တရုတ်ဖုန်းဈေးကွက်မှာ တရုတ်ကုမ္ပဏီမဟုတ်ဘဲ Top 5 စာရင်းဝင်တဲ့ တစ်ခုတည်းသော Brand အဖြစ် ရှိနေတာပါ။ Vivo အနေနဲ့ တရုတ်ဈေးကွက်မှာ နံပါတ်တစ်အဖြစ် ရပ်တည်နေပေမယ့် နှစ်အလိုက် ဖုန်းရောင်းအားဟာ ၂၀% ကျော် ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။ 

Vivo ရဲ့ Sub-Brand ဖြစ်တဲ့ iQOO ကလည်း ထိပ်တန်းဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ဖို့ ရှိပါတယ်။ Honor အနေနဲ့ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ စာရင် ၉.၁% ကျဆင်းသွားခဲ့ပေမယ့် ဈေးကွက်ဝေစု ၁၇.၉% နဲ့ တရုတ်ဈေးကွက်ရဲ့ ဒုတိယမြောက်အရောင်းရဆုံး ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်နေပါတယ်။ ထိပ်တန်းဖုန်းကုမ္ပဏီ ၅ ခုထဲမှာ OPPO ဟာ ဈေးကွက်ဖွံ့ဖြိုးမှုအနိမ့်ဆုံး ဖြစ်ခဲ့ပြီး ၂၀၂၁ Q3 နဲ့ ယှဉ်ရင် ရောင်းအားရဲ့ ၂၇.၉% ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

Apple ကတော့ စုစုပေါင်း ဈေးကွက်ဝေစု ၁၁.၆% နဲ့ ဈေးကွက်ဝေစု Share ထိန်းထားနိုင်သလို ရောင်းအားလည်း ၂.၅% ပါ အတက်ပြလာတာ တွေ့ရပါတယ်။ iPhone 14 Pro နဲ့ Pro Max မော်ဒယ်တွေကြောင့်လည်း အခုလို အရောင်းတက်လာတာပါ။ Xiaomi ကတော့ ၂၀၂၂ တတိယသုံးလပတ်မှာ ဈေးကွက်ဝေစု ၉% ၊ နှစ်အလိုက်အရောင်း ၁၇.၉% ကျဆင်းပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က