မန်စီးတီးတို့အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ပွဲချိန်ပြည့်လွှမ်းမိုးပြီး အနိုင်ယူသွားခဲ့တာပါ။

ဒီပွဲမှာ မန်စီးတီးက ဒဏ်ရာရနေတဲ့ ဒီဘရိုင်းကလွဲရင် နေရာစုံက အတောင့်တင်းဆုံး ကစားသမားတွေကို ပွဲထုတ်ခဲ့ပါတယ်။ တိုက်စစ်မှာလည်း ခြေစွမ်းပြနေတဲ့ မာရက်ဇ်ကို ဂျေးဆု၊ စတာလင်တို့နဲ့ တွဲဖက်ခဲ့ပြီး ကွင်းလယ်မှာလည်း ဘာနာဒိုဆေးလ်ဗား၊ ဂွန်ဒိုဂန်တို့ ပါဝင်ခဲ့ပါတယ်။



ဝက်စ်ဟမ်းကလည်း ဖေဘီယန်စကီး၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒကလန်ရိုက်စ်၊ ဆိုချက်၊ ဖော်နယ်စ်၊ ဘန်ရာမာနဲ့ အန်တိုနီယိုတို့ကို အမာခံပွဲထုတ်ပြီး မန်စီးတီးကို ရင်ဆိုင်ခဲ့ပါတယ်။ ကွင်းအတွင်း ဆီးနှင်းတွေ ဆိုးဆိုးရွားရွားကျဆင်းနေတာကြောင့် နှစ်သင်းလုံးအတွက် ခက်ခဲခဲ့ပြီး ဒီပွဲနဲ့ တချိန်တည်းကစားမယ့် ဘန်လေနဲ့စပါးပွဲကလည်း ရာသီဥတု ဆိုးရွားနေတာကြောင့် ရွှေ့ဆိုင်းခဲ့ရသေးတာပါ။

မန်စီးတီးကပွဲချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့်တွေမှာလည်း အပြတ်အသတ်အသာရခဲ့ပါတယ်။ ဝက်စ်ဟမ်းက သူတို့ရဲ့ ဒီရာသီ မာဂုဏ်ကို အစွမ်းကုန်ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မန်စီးတီးနဲ့တော့ ခြေစွမ်းပိုင်းကွာဟလွန်းပါတယ်။

ပွဲကစားချိန် (၃၂) မိနစ်မှာတော့ မန်စီးတီးက ဦးဆောင်ဂိုးရရှိခဲ့ပြီး ညာတောင်ပံကနေ မာရက်ဇ်ဖြတ်ပို့ပေးလိုက်တာက တဆင့် ဂွန်ဒိုဂန် ပိတ်သွင်းခဲ့တာပါ။ နောက်ပိုင်းမှာလည်း မန်စီးတီးတို့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။


ဒီပွဲက တဖက်နဲ့တဖက် အတော်လေး အကြိတ်အနယ်ရှိမယ်လို့ ပရိသတ်တွေ ယူဆခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရာသီဥတုအခြေအနေကြောင့်ပါ ပွဲက အရမ်းကြီးမြိုင်ဆိုင်ခဲ့တာမျိုးမရှိပါဘူး။ မန်စီးတီးကလည်း ဂိုးပေါက်ကန်သွင်းခွင့် (၁၆) ကြိမ်အထိရရှိခဲ့ပြီး ဒုတိယဂိုးကိုတော့ ဖာနန်ဒင်ဟိုက ဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့ပါတယ်။ ဝက်စ်ဟမ်းအတွက် ချေပဂိုးကို လူစားဝင်ကစားသမား လန်ဇီနီက နောက်ဆုံးမိနစ်မှာ သွင်းယူပေးနိုင်ခဲ့တာပါ။ 

အခြားသောပွဲစဥ်တွေအဖြစ် တချိန်တည်းကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့အဲဗာတန်ပွဲမှာတော့ ဘရန့်ဖို့ဒ်က ၁-၀ ဂိုး၊ လက်စတာနဲ့ဝက်ဖို့ဒ်ပွဲမှာတော့ လက်စတာက ၄-၂ ဂိုးတို့နဲ့ အသီးသီး နိုင်ပွဲရရှိခဲ့ပါတယ်။ 

Share

က္က