စိုးမြတ်သူဇာ တစ်ယောက် အမေရိကခရီးစဉ်ကို ညီမဖြစ်သူ စိုးမြတ်နန္ဒာ၊ တူလေးဖြစ်တဲ့ မြတ်သောမောင်တို့နဲ့ ရောက်ရှိနေတာဖြစ်ပါတယ်။ သူ့အတွက်တော့ ပျင်းရိဖွယ်ကောင်းတဲ့ ခရီးစဉ်တစ်ခုလို့ ဆိုပါတယ်။
Photo: Soe Myat Nandar
သရုပ်ဆောင် စိုးမြတ်သူဇာတစ်ယောက် တူလေးဖြစ်သူ မြတ်သောမောင်ကို အမေရိက လိုက်ပို့ပေးနေတယ်လို့ သိရပါတယ်။ မြတ်သောမောင်ရဲ့ အမေ စိုးမြတ်နန္ဒာကလည်း အမေရိကကို ရောက်ရှိနေတာဖြစ်ပါတယ်။
‘’မြတ်သောမောင်ကို လိုက်ပို့ရသည့် တစ်ခဏ အင်မတန်ကို ပျင်းရိ ဖွယ်ကောင်းသည့် နေ့ရက်များအား ခက်ခဲ စွာ ကျော်ဖြတ်ရပါတယ်။ အော် .. အမေရိကတဲ့’’ ဆိုပြီးတော့ မတ်လ ၁၀ ရက်နေ့ မနက် ၃ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် သွားသွားလာလာလုပ်ရင်း ကားပေါ်မှ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
Photo: Soe Myat Nandar
စိုးမြတ်သူဇာဟာ တစ်ယောက်တည်းသမားဆိုပေမယ့် တူတွေ၊ တူမတွေအပေါ် သားသမီးအရင်းတစ်ယောက်လို ချစ်ခင်တဲ့သူဖြစ်ပါတယ်။ သူ့မှာတော့ ညီမဖြစ်သူ စိုးမြတ်ကလျာရဲ့ သမီးလေး ခေတ်သခင်နဲ့ စိုးမြတ်နန္ဒာရဲ့ သားလေး မြတ်သောမောင်တို့ကို ပိုင်ဆိုင်ထားပါတယ်။ စိုးမြတ်သူဇာဟာ အလုပ်တွေ မအားလပ်တဲ့ကြားက မိသားစုနဲ့အတူ ခရီးထွက်ခဲ့တာပါ။
Photo: Soe Myat Thuzar
Photo: Soe MYat THuzar
စိုးမြတ်သူဇာက လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်သလို ညီအစ်မ ၄ ဦး အတူတူ ဖွင့်ထားတဲ့ ‘’မင်းသမီး’’ ပိုးထည်တိုက်ကိုလည်း အချိန်ရရင်ရသလို ဝင်ကူညီပေးနေတာကို တွေ့ရပါတယ်။ အခုလက်ရှိမှာတော့ ညီမဖြစ်သူ စိုးမြတ်နန္ဒာ အပါအဝင် တူလေး မြတ်သောမောင်၊ အဆိုတော်စိုးသူတို့နဲ့ အတူ အမေရိကခရီးစဉ် ရောက်ရှိနေကြတာပါ။