သူ့ရဲ့ အနုပညာနဲ့ပတ်သက်ပြီး ဆုံးမသွန်သင်လေ့ရှိတယ်။

ရန်အောင်ဟာ သူ့ရဲ့ အနုပညာမျိုးဆက်သစ်ဖြစ်တဲ့ မင်းဇေနဲ့အတူတွဲပြီး ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်ပါတယ်။ မင်းဇေရဲ့ အနုပညာအလုပ် တွေနဲ့ ပတ်သက်ပြီး ဆုံးမသွန်သင်တာတွေလည်းရှိတယ်လို့ ပြောပါတယ်။ အဲ့ဒီနောက် အရင်ခေတ်တုန်းကနဲ့ မတူတော့တဲ့ ရိုက်ကွင်းပေါ်က ဆက်ဆံရေးအကြောင်းတွေကိုလည်းပြောပြလာပါသေးတယ်။

Photo: ရန်အောင်ဖေ့စ်ဘွတ်




အကယ်ဒမီများရှင် ရန်အောင် ရဲ့ တူတော်စပ်သူ အနုပညာမျိုးဆက်သစ်ဖြစ်တဲ့ မင်းမင်းဇေကတော့ အနုပညာလောကထဲမှာ ကြိုးစားနေတယ် လို့ သိရပါတယ်။ မင်းဇေရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ရန်အောင်က အမြဲတမ်း ဆုံးမသွန်သင်စကားပြောဖြစ်တယ်ဆိုပြီးတော့ ဝိညာဉ်စိမ်း ရုပ်ရှင်ကား အထူးပြသပွဲကိုတက်ရောက်ရင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော်လည်း စိုးရိမ်တာတွေတော့ရှိတာပေါ့။ အလုပ်ဆိုတာ အချိန်နဲ့အခါနဲ့လုပ်ရတယ်၊ ကျွန်တော်တို့ ခေတ်တုန်းကနဲ့တောင်မတူဘူး။ ဒီခေတ်က အဖြစ်မြန်တယ်၊ အပျက်မြန်တယ်။ ဖြစ်တာမြန်တယ်ဆိုတာကလည်း ဖြစ်ဖို့ လမ်းတွေအများကြီး ရှိတယ်။ ဒါပေမယ့် အမြဲတမ်း ကြိုးစားနေရမယ်၊ ဆက်မကြိုးစားရင် ပျက်မယ်။ အမြဲတမ်းပြည့်ဝနေရမယ် ဆိုတာကို သင်ပေးပါတယ်'' လို့ဆိုပါတယ်။

Photo: ရန်အောင်ဖေ့စ်ဘွတ်

အမေများနေ့မှာမိခင်ကြီးနဲ့အတူ ပျော်ရွှင်ကြည်နူးနေတဲ့ ရန်အောင် 

ရန်အောင်ဟာ သူရဲ့ တူလေး မင်းဇေနဲ့အတူတွဲပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ မင်းဇေဟာ သရုပ်ဆောင် ဘက်မှာလည်း ဝါသနာပါသလို ဂီတဘက်မှာလည်း ကြိုးစားချင်တဲ့ ဆန္ဒရှိနေတယ်လို့ ရန်အောင်က ပြောပါတယ်။ မင်းဇေကလည်း အနုပညာ လောကထဲကို ရွှေကြိုရွေးချယ်ပွဲကနေတဆင့် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ရန်အောင်ဟာ လက်ရှိအနုပညာလောကမှာ ကိုယ့်ထက်အနုပညာဝါရင့်တဲ့ လူကြီးတွေနဲ့ရိုက်ကွင်းမှာဆုံရင် နှုတ်ဆက်ဂါရဝ ပြုလေ့မရှိတဲ့ အနုပညာရှင်တွေလည်းရှိတယ်ပြောပါတယ်။ အနုပညာအလုပ်ကို လုပ်မယ်ဆိုရင် ကိုယ့်ထက် ကြီးသူတွေကို ရိုသေစေချင်တယ် လေးစား စေချင်တဲ့ ဆန္ဒတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အနုပညာလောကထဲကို စဝင်ကတည်းက ရိုက်ကွင်းပေါ်ကိုရောက်လာတယ်ဆိုရင် ကိုယ့်ထက်ကြီးတဲ့လူ ကိုအရင်ဆုံးနှုတ်ဆက်တယ်။ ကိုယ်က ဘယ်လောက်ပဲ နာမည်ကြီးကြီး ဂါရဝပြုတယ်။ အခုခေတ်မှာဆိုရင် ကျွန်တော်တို့က လိုက်ခေါ်နေရတယ်။ တချို့တွေပါ အများတော့ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း ကျွန်တော်တို့ တုန်းကလို ဖြစ်စေချင်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: ရန်အောင်ဖေ့စ်ဘွတ်


မင်းဇေဟာ Myanmar Idol သီချင်းဆို ပြိုင်ပွဲကြီးမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါသေးတယ်။ ဦးလေးဖြစ်သူ ရန်အောင်ရဲ့ ရုပ်ရှင် ရိုက်ကွင်းတိုင်း ကိုလည်း မင်းဇေက လာရောက်လေ့လာ သင်ယူလေ့ရှိတယ်လို့ ဆိုပါတယ်။ တူဖြစ်သူရဲ့ အနုပညာအလုပ်တွေကိုလည်း တက်နိုင်သလောက် ကူညီပံ့ပိုး ပေးသွားမယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က