တူဟယ်လ် ချန်ပီယံဖြစ်ချိန်မှာ ချဲလ်ဆီးကတော့ အဆင့် (၁၂) မှာပါ။

မနေ့ညက တူဟယ်လ်တစ်‌ယောက် ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့တဲ့နောက် ချဲလ်ဆီးပရိသတ်တွေအတွက် နောက်ထပ်နာကျင်စရာတွေ ရှိလာခဲ့ပြန်ပါတယ်။ တူဟယ်လ်ဟာ ဒီရာသီ အစောပိုင်းမှာ ချဲလ်ဆီးနည်းပြ ရာထူးကနေ အထုတ်ပယ်ခံခဲ့ရပြီး မတ်လအတွင်းကမှ ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။



တူဟယ်လ် ထွက်ခွာသွားပြီးနောက် ချဲလ်ဆီးတို့ ဂရေဟမ်ပေါ်တာကို ခန့်အပ်ခဲ့ပေမယ့် ရလဒ်တွေ ဆက်တိုက် ဆိုးရွားခဲ့ပြီး လမ်းပတ်ကိုသာ ယာယီနည်းပြအဖြစ် ဆက်လက်ခန့်ထားခဲ့ရပါတယ်။ လမ်းပတ်လက်ထက်မှာလည်း အသင်းက တိုးတက်လာခြင်းမရှိဘဲ ဘုန်းမောက်ကိုသာ အနိုင်ရရှိပြီး လက်ရှိမှာ အဆင့် (၁၂) သာရရှိထားပါတယ်။

အဲ့ဒါကြောင့် ချဲလ်ဆီးတို့ ရာသီကုန်မှာ ဥရောပဝင်ခွင့်တောင် မရဘဲ အဆိုးရွားဆုံးရာသီတွေထဲက တစ်ခုအဖြစ် ဖြတ်သန်းရ‌တော့မှာပါ။ ဒီလိုအချိန်မှာပဲ တူဟယ်လ်က ဘိုင်ယန်မြူးနစ်နဲ့အတူ ရာသီပိတ်ပွဲမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေအတွက်တော့ နောက်ထပ် နှမြောစရာ၊ ရင်နာစရာဖြစ်ခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေဟာ တူဟယ်လ်ကို ခေါ်ယူဖို့ အခွင့်အရေးရှိနေတာကြောင့် နာဂယ်လ်စမန်းကို ရဲရဲဝံ့ဝံ့ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။ တူဟယ်လ် လက်ထက်မှာ အသင်းက ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်တို့ကနေ ထွက်ခဲ့ရပေမယ့် ဘွန်ဒက်စ်လီဂါမှာတော့ ဒေါ့မွန်နဲ့အမှတ်တူ အနေအထားကနေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

တူဟယ်လ်ကို ထုတ်ပယ်ခဲ့တဲ့ ချဲလ်ဆီးကတော့ လက်ရှိအချိန်မှာ အသင်းတွင်း ပြိုကွဲမှုတွေ ဖြစ်နေတယ်လို့တောင် သိရှိရပြီး အနည်းဆုံးကစားသမားတစ်ယောက်လောက်က အသင်းရဲ့ အစီအစဥ်တွေမှာ ပူးပေါင်းဖို့ နောက်ကျလေ့ရှိပြီး ရာသီကုန်မှာလည်း ကစားသမား (၆) ယောက်လောက်က ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ 

Share

Loading Next Article...
က္က