အူဘာမီးယန်းအတွက်တော့ စိတ်မကောင်းစရာပါ။

ချဲလ်ဆီးဟာ မနေ့ညက ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ သောမတ်စ်တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ကစားထားတဲ့ အဝေးကွင်း (၄) ပွဲမှာ (၃) ပွဲအထိ ရှုံးနိမ့်ပြီး ကစားပုံကလည်း အခုချိန်ထိ အားရစရာ အနေအထားမျိုး မပြသနိုင်ခဲ့သေးပါဘူး။



ချဲလ်ဆီး ပိုင်ရှင်သစ် တော့ဒ်ဘိုလီဟာ ပြီးခဲ့တဲ့နွေရာသီစျေးကွက်မှာ စတာလင်၊ ကူလီဘလီ၊ ကူကူရယ်လာ၊ ဖိုဖာနာ၊ အူဘာမီးယန်းတို့လို ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းကို အထိုင်မချရသေးခင်မှာပဲ တူဟယ်လ်ကို ထုတ်ပယ်ခဲ့တာက စောလွန်းတယ်လို့ ပရိသတ်တွေကတော့ ဝေဖန်နေကြပါတယ်။ ဒီနည်းပြဟာ ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးထားနိုင်တဲ့နည်းပြတယောက်ပါ။

အထူးသဖြင့် အူဘာမီးယန်းကို ခေါ်ယူပြီး တပွဲတောင် အပြည့်အဝမသုံးရသေးခင်မှာပဲ တူဟယ်လ် အထုတ်ခံရတာက အူဘာမီးယန်းအတွက်ပါ အခက်တွေ့စေမှာ သေချာပါတယ်။ အူဘာမီးယန်းနဲ့ တူဟယ်လ်တို့ဟာ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးကြပါတယ်။ အူဘာမီးယန်းဟာ အာဆင်နယ်မှာ စည်းကမ်းပိုင်းဆိုင်ရာပြဿနာဖြစ်ခဲ့တာကြောင့် စာချုပ်ဖျက်သိမ်းခံရပြီး ဘာစီလိုနာကို ရောက်ရှိခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာတော့ အူဘာမီးယန်းကို တူဟယ်လ်က ပြန်လည်ခေါ်ယူခဲ့ပါတယ်။ မနေ့ညက ဒိုင်နမိုဇာဂရက်ကို ရှုံးခဲ့တဲ့ပွဲမှာလည်း အူဘာမီးယန်းက ချဲလ်ဆီးကစားသမားဘဝ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပေမယ့် ကြံ့ခိုင်မှုအခြေအနေကြောင့် (၅၉) မိနစ်သာ ကစားခွင့်ရရှိခဲ့ပါတယ်။



အဲ့ဒီနောက် လူစားလဲခဲ့ပြီး ဒီပွဲအပြီးမှာပဲ တူဟယ်လ်လည်း ရာထူးကနေ အထုတ်ခံလိုက်ရတာဖြစ်ပါတယ်။ အူဘာမီးယန်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက စပိန်မှာ ဓားပြတွေရဲ့ တိုက်ခိုက်မှုကြောင့် မေးရိုးကျိုးဒဏ်ရာရရှိခဲ့သူတယောက်ပါ။ ဒီလိုမျိုးဖြစ်ခဲ့တာတောင် သူကိုယ်တိုင်က ချဲလ်ဆီးကို အရောက်လာခဲ့သလို တူဟယ်လ်ကလည်း ယုံယုံကြည်ကြည်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဆရာတပည့်နှစ်ယောက်ရဲ့ ပေါင်းစည်းမှုက ပွဲကစားချိန်နဲ့တွက်ရင် (၅၉) မိနစ်သာရှိခဲ့ပြီး တူဟယ်လ်ကတော့ ချဲလ်ဆီးကနေ အထုတ်ခံလိုက်ရပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က